Professional Authors

ခိုင်………..ခက်တယ်

အလှတစ်ခုကိုတွေ့ရ

မေ့မရတဲ့ချစ်ခြင်း

ရင်တွင်းဖြစ်ပေါ်လည်း

မျိုသိပ်ထားနေရတာ ခက်တယ်…။

 

ခိုင်……..

ခိုင့် အလှမှာ နစ်မျော

အပြစ် ပြောစရာမရှိ

နှလုံးသားမှာ ငြိတွယ်လည်း

အခွင်အရေး မရှိတာ ခက်တယ်…။

 

ခိုင်………

ခိုင့် အကြည့်မှာ ယစ်မူး

မချစ်ဖူးလို့ ပြောမထွက်

အသက်ထက်မက ချစ်နေလည်း

ဖွင့်မပြောရက်တာ ခက်တယ်…။

 

ခိုင်……….

ခိုင့် စကားမှာ ကြည်နူး

ရည်စူးလို့ ဖွင်ဟ

ထိမ်းမရတဲ့ ချစ်စိတ်ဖြစ်လည်း

ခိုင့် ဘက်ကမုန်းသွားရင် ခက်တယ်…။

 

ခိုင်…………..

ခိုင့် နှုတ်ခမ်းမှာ

ပန်းသွေးလျှမ်း

အနမ်းတစ်ပွင့် ရချင်လည်း

တမ်းတခွင့်မရှိတာ ခက်တယ်…။

 

ခိုင်…………

ခိုင့် အချစ်ကို ပိုင်ဆိုင်ချင်

ရင်ခွင် ထက်နန်း

စံမြန်းစေချင်လည်း

သိမ်းယူမှု မရှိတာ ခက်တယ်…။

 

သြော်…………..

အဲဒီလို အခက်အခဲတွေကြားက

ခိုင့် အနားကိုသွား

ချစ်စကား ဆိုဖို့လည်း

လုံလောက်တဲ့ သတ္တိ ကျွန်တော့်မှာ မရှိတာ ခက်တယ်…..။ ။

             ဇော်သက်ဦး

                  (ရေးညွှန်းဖွဲ့သီ ချစ်ရသူဆီ)

In: ကဗျာ Posted By: Date: Jun 10, 2011
Comment #1

ခံစားလို့ အရမ်းကောင်းပါတယ်
စကားလုံးသုံးတာတွေလည်း လှပါတယ်။
အားပေးနေပါတယ်။

commentinfo By: poem.poem28 at Jun 10, 2011
Comment #2

ကျေးဇူးတင်ပါတယ် poem.poem28 ရေ..။
မင်းကိုလည်းအားပေးနေပါတယ် သူငယ်ချင်း……။ ။

Comment #3

မမအားပေးသွားပြီနောမောင်လေးရေ….
ဒီကဗျာလေးလည်းခံစားချက်အရမ်းကောင်းတရ်…

commentinfo By: sandi at Jun 27, 2011
Comment #4

ကျေးဇူးပါ….အစ်မ…။

Comment #5

မငဟ်ာကလဲ လွယ်တာလဲတစ်ခုမှမရှိပါလားကွာ…..။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011
Comment #6

အချစ်နဲ့ပက်ပင်းတိုးမိတဲ့အခါ တစ်ခါတစ်ရံမှာ လူတိုင်းသတ္တိကြောင်တတ်တယ်ဗျ အရေးအသားပါးပါးလေးနဲ့ ရင်ထဲအထိရောက်စေတဲ့ ကဗျာဘဲ
ဖတ်ရှုခံစားသွားကြောင်းပါ ~~~

commentinfo By: X - ray at Jan 13, 2012
Comment #7

ခိုင်ဆိုပြီး အစချီထားတဲ့အပိုက်ကလေးတွေ ဖတ်လိုက်တာ မထင်မက်အောင်စွဲမက်သွားတယ်ဗျ.. လှလိုက်တဲ့အချစ်ကဗျာလေး နော်

လေးစားလျက်

commentinfo By: 13th at Dec 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment