Professional Authors

အနန္တ မေတ္တာနဲ့ပါ…..ခိုင် – အရိပ်ကလေး

 

ဆရာတက္ကသိုလ် ဘုန်းနိုင်ရဲ့

“သူငယ်ချင်းလိုပဲ ဆက်၍  ခေါ်မည် ခိုင်”

 

ဆရာမြတ်လှိုင်ရဲ့

“ပိတောက်ကြွေ အလွမ်းပါ ခိုင်”

 

အဆိုတော် အက်စ်ကဲနက်ရဲ့

“ရင်သို့ တိုးဝှေ့ဆဲပါ ခိုင်”

 

အဆိုတော် ခင်မောင်တိုးရဲ့

“လွမ်းတမ်းတတယ် ခိုင်”

 

အဲသလို

“……………ခိုင်”

“…………….ခိုင်”

ခိုင်များစွာထဲမှာ

ကျွန်တော်လည်း

“အနန္တမေတ္တာနဲ့ပါ ခိုင်”  လို့

သစ္စာတိုင် ကမည်းထိုးချင်ရဲ့။

 

“ခိုင်” ဆိုတဲ့

အဆုံးမဲ့ မြစ်တစ်စင်း

ကျွန်တော့်ရင်တွင်း စီးဆင်းခဲ့ပုံ

မယုံနိုင်စရာ

အဲဒါ…ဒဏ္ဍာရီ  မဟုတ်။

 

“ခိုင်” ဆိုတဲ့

သံယောဇဉ် လမင်း

ကျွန်တော့်ရင်တွင်း ထွန်းလင်းခဲ့ပုံ

မယုံချင်စရာ

အဲဒါ… ပုံပြင် မဟုတ်။

 

အဲဒီ. ..ခိုင် ဆိုတဲ့

သမုဒယဖွဲ့ မြှားတစ်စင်း

ကျွန်တော့်ရင်တွင်း စိုက်ဝင်

ယုံချင်မှ ယုံပါလေ

သေချင်းတရားကို

မျက်ဝါးထင်ထင်

မြင်ခွင့်ရတဲ့အချိန်ထိ

ချစ်နေမယ်သူပါ ခိုင် ရယ်။

 

အဲသလို

ချစ်တယ်ဆိုတဲ့

ကျွန်တော့်ရဲ့စကား

ခိုင့်ရဲ့နှလုံးသားမှာ

ပျားရည်လိုမချိုတောင်

တမာလိုမခါးရင်ပဲ

လှိုက်လှဲစွာ ကျေးဇူးတင်ရမှာပါ ခိုင်။

 

ခိုင်က လှမှလှ

ကျွန်တော်က ကိုရုပ်ဆိုး

မင်းကုသလို အသည်းမျိုးနဲ့လည်း

အရဲမကိုးဝံ့ပါဘူး ခိုင်။

 

ခိုင် မို့ပြုံးလိုက်ရင်

ကျွန်တော့်ရင်ထဲ ဖရိုဖရဲ

နှလုံးသားတွေပြိုလဲ

မမြင်ရရင်လည်း

မြင်ချင်တယ် ခိုင်

မြင်ရပြန်တော့လည်း

မြင်မဝနိုင်တာ ခိုင်

ပြုစားနိုင်ပါပေတယ် ခိုင်။

 

တစ်ချိန်ချိန်မှာ

အခွင့်သာလို့

ကျွန်တော့်ဘဝထဲ

ခိုင်ရောက်လာမယ်ဆိုရင်ပဲ

မြင်သမျှလည်း လှပ

ကြားသမျှလည်း ချိုမြိန်

အကြိမ်ကြိမ် ရင်ခုန်လှိုက်မော

ပြန်ပြောရင် လွမ်းကဗျာတစ်ပုဒ်လို

ကျွန်တော့်ရဲ့ ရင်ခုန်သံကျမ်းစာအုပ်ကို

ခိုင်ရယ်……. ရန်မလုပ်ရဘူးနော်။

 

ခိုင်ရယ်..

ပူလည်း ပူလောင်

နွေခေါင်ခေါင်မှာ

ရေဆာသလိုမျိုး

မွတ်သိပ်စွာ ခိုင့်ကို လွမ်းရဲ့။

 

ရှင်သန်ဖို့အတွက်

အသက်ရှူ ခွင့်ရသလိုမျိုး

ခိုင့်ကို တန်ဖိုးထားမြတ်နိုးရဲ့။

 

ခိုင်ရယ်…

ယဉ်ယဉ်နွဲ့နွဲ့

ခိုင့်ရဲ့ဟန်ပန်

ခိုင့်ရဲ့ စကားသံ

ကျွန်တော့်အိပ်မက်ရဲ့ ပုံမှန် ဂီတ

ရင်နှင့်အမျှ ချစ်ခဲ့ရတာများ

အားမနာ လျှာမကျိုး

စကားနာထိုးလိုက်ပုံက

“ယောက်ျားဆိုတဲ့ မိုး”

အစိုးမရဘူးတဲ့လား

ဘယ်လို အကိုးအကားတွေနဲ့များ

ယိုးမှားဝေဖန်လိုက်တာလဲခိုင်ရယ်

ခိုင်သိခဲ့တဲ့ ယောက်ျားတွေထဲမှာ

ကျွန်တော်ဟာ..

ဘယ်လိုယောက်ျားမျိုးနဲ့မှ မတူနိုင်ပါဘူးကွယ်။

 

ကျွန်တော့်ကိုယ် ကျွန်တော်တောင်

မနေ့က ကျွန်တော်နဲ့

ဒီနေ့ ကျွန်တော်

ဘယ်လို ထပ်တုကျနိုင်မှာလဲနော်။

 

သြော်…ဒါပေမယ့်

သေချာတဲ့ ရိုးမြေကျ မေတ္တာမှာ

ဘယ်လို နမူနာပြရဦးမှာလဲ

ရင်ထဲကအချစ်

ပြန်ဆန်းစစ်ရင်

သံယောဇဉ်နှစ်ကိုယ်ခွဲမရှိ

ပကတိ တစ်ယောက်ဆို တစ်ယောက်တည်း

အဲဒါ…ခိုင်ပါပဲကွယ်။

 

ဒီမှာ ခိုင်….

ကျွန်တော့်ရဲ့နှလုံးသားကို

“ပန်းပြားပင်” လို

လေနှင်ရာတိမ်း ၊ဟိုဒီယိမ်းနွဲ့

ချစ်တတ်တဲ့ ယောက်ျားလို့များ

ခိုင် ထင်နေသလား ကွယ်။

 

“ရွက်ကျပင်ပေါက်” လို

ဟိုတစ်တယာက် ဒီတစ်ယောက်

ဖောက်လွဲတတ်စွာ

သစ္စာမဲ့သူလို့များ

ခိုင် အထင်မှားနေသလားကွယ်။

 

“ကျီးအာသီး” လို

အပြင်မှာလှ

အတွင်းက ပုပ်

သေးနုပ် စိတ်ထား

နှလုံးသားပိုင်ရှင်လို့များ

ခိုင် အထင်လွဲနေသလားကွယ်။

 

ယုံကြည်ပါ ခိုင်ရာ…

ကျွန်တော့်ရင်မှာ

ခိုင်မာအချစ်

နှောင်တွယ်ရစ်ငင်

သံယောဇဉ်ဟာ

“ပေပင်” လိုပေါ့

နုပျိုခြင်းမှ

အိုမင်းချိန်ထိ

တစ်ကြိမ်သာ မွေးဖွား

နှလုံးသားက

အနန္တမေတ္တာနဲ့ပါ ခိုင်….

အနန္တမေတ္တာနဲ့ပါ ခိုင်….

အနန္တမေတ္တာနဲ့ပါ ခိုင်…..။    ။

In: ကဗျာ,Others Posted By: Date: Jun 9, 2011
Comment #1

ဆရာတက္ကသိုလ် ဘုန်းနိုင်ရဲ့

“သူငယ်ချင်းလိုပဲ ဆက်၍ ခေါ်မည် ခိုင်”

ဆရာမြတ်လှိုင်ရဲ့

“ပိတောက်ကြွေ အလွမ်းပါ ခိုင်”

အဆိုတော် အက်စ်ကဲနက်ရဲ့

“ရင်သို့ တိုးဝှေ့ဆဲပါ ခိုင်”

အဆိုတော် ခင်မောင်တိုးရဲ့

“လွမ်းတမ်းတတယ် ခိုင်”

အဲသလို

“……………ခိုင်”

“…………….ခိုင်”

ခိုင်များစွာထဲမှာ

ကျွန်တော်လည်း

“အနန္တမေတ္တာနဲ့ပါ ခိုင်” လို့

သစ္စာတိုင် ကမည်းထိုးချင်ရဲ့။

“ခိုင်” ဆိုတဲ့

အဆုံးမဲ့ မြစ်တစ်စင်း

ကျွန်တော့်ရင်တွင်း စီးဆင်းခဲ့ပုံ

မယုံနိုင်စရာ

အဲဒါ…ဒဏ္ဍာရီ မဟုတ်။

“ခိုင်” ဆိုတဲ့

သံယောဇဉ် လမင်း

ကျွန်တော့်ရင်တွင်း ထွန်းလင်းခဲ့ပုံ

မယုံချင်စရာ

အဲဒါ… ပုံပြင် မဟုတ်။

အဲဒီ. ..ခိုင် ဆိုတဲ့

သမုဒယဖွဲ့ မြှားတစ်စင်း

ကျွန်တော့်ရင်တွင်း စိုက်ဝင်

ယုံချင်မှ ယုံပါလေ

သေချင်းတရားကို

မျက်ဝါးထင်ထင်

မြင်ခွင့်ရတဲ့အချိန်ထိ

ချစ်နေမယ်သူပါ ခိုင် ရယ်။

အဲသလို

ချစ်တယ်ဆိုတဲ့

ကျွန်တော့်ရဲ့စကား

ခိုင့်ရဲ့နှလုံးသားမှာ

ပျားရည်လိုမချိုတောင်

တမာလိုမခါးရင်ပဲ

လှိုက်လှဲစွာ ကျေးဇူးတင်ရမှာပါ ခိုင်။

ခိုင်က လှမှလှ

ကျွန်တော်က ကိုရုပ်ဆိုး

မင်းကုသလို အသည်းမျိုးနဲ့လည်း

အရဲမကိုးဝံ့ပါဘူး ခိုင်။

ခိုင် မို့ပြုံးလိုက်ရင်

ကျွန်တော့်ရင်ထဲ ဖရိုဖရဲ

နှလုံးသားတွေပြိုလဲ

မမြင်ရရင်လည်း

မြင်ချင်တယ် ခိုင်

မြင်ရပြန်တော့လည်း

မြင်မဝနိုင်တာ ခိုင်

ပြုစားနိုင်ပါပေတယ် ခိုင်။

တစ်ချိန်ချိန်မှာ

အခွင့်သာလို့

ကျွန်တော့်ဘဝထဲ

ခိုင်ရောက်လာမယ်ဆိုရင်ပဲ

မြင်သမျှလည်း လှပ

ကြားသမျှလည်း ချိုမြိန်

အကြိမ်ကြိမ် ရင်ခုန်လှိုက်မော

ပြန်ပြောရင် လွမ်းကဗျာတစ်ပုဒ်လို

ကျွန်တော့်ရဲ့ ရင်ခုန်သံကျမ်းစာအုပ်ကို

ခိုင်ရယ်……. ရန်မလုပ်ရဘူးနော်။

ခိုင်ရယ်..

ပူလည်း ပူလောင်

နွေခေါင်ခေါင်မှာ

ရေဆာသလိုမျိုး

မွတ်သိပ်စွာ ခိုင့်ကို လွမ်းရဲ့။

ရှင်သန်ဖို့အတွက်

အသက်ရှူ ခွင့်ရသလိုမျိုး

ခိုင့်ကို တန်ဖိုးထားမြတ်နိုးရဲ့။

ခိုင်ရယ်…

ယဉ်ယဉ်နွဲ့နွဲ့

ခိုင့်ရဲ့ဟန်ပန်

ခိုင့်ရဲ့ စကားသံ

ကျွန်တော့်အိပ်မက်ရဲ့ ပုံမှန် ဂီတ

ရင်နှင့်အမျှ ချစ်ခဲ့ရတာများ

အားမနာ လျှာမကျိုး

စကားနာထိုးလိုက်ပုံက

“ယောက်ျားဆိုတဲ့ မိုး”

အစိုးမရဘူးတဲ့လား

ဘယ်လို အကိုးအကားတွေနဲ့များ

ယိုးမှားဝေဖန်လိုက်တာလဲခိုင်ရယ်

ခိုင်သိခဲ့တဲ့ ယောက်ျားတွေထဲမှာ

ကျွန်တော်ဟာ..

ဘယ်လိုယောက်ျားမျိုးနဲ့မှ မတူနိုင်ပါဘူးကွယ်။

ကျွန်တော့်ကိုယ် ကျွန်တော်တောင်

မနေ့က ကျွန်တော်နဲ့

ဒီနေ့ ကျွန်တော်

ဘယ်လို ထပ်တုကျနိုင်မှာလဲနော်။

သြော်…ဒါပေမယ့်

သေချာတဲ့ ရိုးမြေကျ မေတ္တာမှာ

ဘယ်လို နမူနာပြရဦးမှာလဲ

ရင်ထဲကအချစ်

ပြန်ဆန်းစစ်ရင်

သံယောဇဉ်နှစ်ကိုယ်ခွဲမရှိ

ပကတိ တစ်ယောက်ဆို တစ်ယောက်တည်း

အဲဒါ…ခိုင်ပါပဲကွယ်။

ဒီမှာ ခိုင်….

ကျွန်တော့်ရဲ့နှလုံးသားကို

“ပန်းပြားပင်” လို

လေနှင်ရာတိမ်း ၊ဟိုဒီယိမ်းနွဲ့

ချစ်တတ်တဲ့ ယောက်ျားလို့များ

ခိုင် ထင်နေသလား ကွယ်။

“ရွက်ကျပင်ပေါက်” လို

ဟိုတစ်တယာက် ဒီတစ်ယောက်

ဖောက်လွဲတတ်စွာ

သစ္စာမဲ့သူလို့များ

ခိုင် အထင်မှားနေသလားကွယ်။

“ကျီးအာသီး” လို

အပြင်မှာလှ

အတွင်းက ပုပ်

သေးနုပ် စိတ်ထား

နှလုံးသားပိုင်ရှင်လို့များ

ခိုင် အထင်လွဲနေသလားကွယ်။

ယုံကြည်ပါ ခိုင်ရာ…

ကျွန်တော့်ရင်မှာ

ခိုင်မာအချစ်

နှောင်တွယ်ရစ်ငင်

သံယောဇဉ်ဟာ

“ပေပင်” လိုပေါ့

နုပျိုခြင်းမှ

အိုမင်းချိန်ထိ

တစ်ကြိမ်သာ မွေးဖွား

နှလုံးသားက

အနန္တမေတ္တာနဲ့ပါ ခိုင်….

အနန္တမေတ္တာနဲ့ပါ ခိုင်….

အနန္တမေတ္တာနဲ့ပါ ခိုင်…..။ ။

Comment #2

ဖတ်သွားပြီနော့… ခိုင်အတွက်စပ်ခဲ့တဲ့ကဗျာတွေ အကုန်လုံး ကောင်းတရ်..
ခံစားချက်တွေ ပြင်းထန်ခဲ့တရ်ထင်တယ်နော့ နောက် ဘယ်ခိုင်လာဦးမလဲ.. မျှော်နေလျှက်..

commentinfo By: sandi at Jun 28, 2011
Comment #3

အားပေးမှုကို ကျေးဇူးများစွာဖြင့်…။

Comment #4

ခိုင်….. ရင်ထဲမှာတော့ ကဗျည်းတစ်ခုတိုးသွားတယ် အကို.. ကဗျာလေးတွေကြိုက်မိသွားပြီဗျ..

လေးစားလျက်

commentinfo By: 13th at Dec 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment