Professional Authors

လူကြီးလူကောင်ဆန်တဲ့ လူယုတ်မာများ

ငါးမျှားချိတ် တလှုပ်လှုပ်တခါခါ ဖြစ်လာတော့

ကျွန်တော် မကောင်းကြောင်းကို အားနဲ့အင်နဲ့

အပေါ်ကို မရမက ဆွဲတင်လိုက်ကြတယ်

ဒီနေရာက ကိုယ်ရည်ကိုယ်သွေး တီးလုံးတွေတီးတဲ့ နေရာလား

ဒီစာမျတ်နှာက ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်လား

“မင်းခန့်သူ” က လှံစိုက်ရာ နိမ့်ရတဲ့မြေလား

သင်က လူကြီးလူကောင်းဆန်တဲ့ လူယုတ်မာလား

ဘ၀ဆိုတာ ရေပွတ်ပမာ ဆိုတာထဲက

ခင်ဗျားတို့ လိုချင်တာ ငွေကြေးလား ဂုဏ်ပကာသနလား

ပင်လယ်ကြီးလောက် ကြီးကျယ်ချင်သလား

ကောင်ကင်ကြီးလောက် ခမ်းနားချင်သလား

ခင်ဗျားတို့ကိုယ် ခင်ဗျားတို့ ပြိုင်မြင်းလုပ်နေသလား

ဘဂ္ဂဒတ်က အခုထကွဲဗုံးဟာ ခင်ဗျားတို့လား

ကိုယ့်မျက်လုံးနဲ့ငိုတာ အားမရသေးဘူးလား

စိတ်ကောင်းရှိဖို့ ပထမဆိုတာကို နားလည်လား

အနိုင်ရလိုမှုမှာ ဂုဏ်မရှိဘူးဆိုတာ သိသလား

အမဲရိုးကိုက်ပြီးအော်တာ

သိပ်ဝေးဝေးမရောက်ဖူးဆိုတာ သိသလား

တိရစ္ဆာန်တွေတောင်မှ ကိုယ့်စည်းနဲ့ကိုယ် နေကြတယ်ဆိုတာ သိသလား

ခင်ဗျားတို့ကော ကိုယ့်စည်းနဲ့ကိုယ် ရှိကြသလား ။ ။

Comment #1

ကိုမင်းခန့်သူ မကျေနပ်ချက်တွေပဲ…
လောကကြီးက အဲလို့ပါပဲ…ကောင်းသလိုလိုနဲ့မကောင်းဘူး
အားပေးနေပါတယ်။

commentinfo By: poem.poem28 at Jun 8, 2011
Comment #2

ငါးမျှားချိတ် တလှုပ်လှုပ်တခါခါ ဖြစ်လာတော့

ကျွန်တော် မကောင်းကြောင်းကို အားနဲ့အင်နဲ့

အပေါ်ကို မရမက ဆွဲတင်လိုက်ကြတယ်

ဒီနေရာက ကိုယ်ရည်ကိုယ်သွေး တီးလုံးတွေတီးတဲ့ နေရာလား

Comment #3

ကျေးဇူးပါပဲ သူငယ်ချင်းရာ

commentinfo By: မင်းခန့်သူ at Jun 8, 2011
Comment #4

ဘာများဖြစ်ကြတာလည်း….ဘာပဲဖြစ်ဖြစ် စိတ်မကောင်းဘူး

commentinfo By: အသဲကွဲမိုး at Jun 8, 2011
Comment #5

နားလည်မှု လွဲရင်ဘယ်အရာမှာ ကြာရှည် မတည်မြဲတော့ဘူး

ဘုန်းဘုန်းး)

commentinfo By: ဇာတိနော် at Jun 8, 2011
Comment #6

မေးတာတွေများလွန်းတော့ မဖြေနိုင်တော့ဘူး .(နောက်တာပါ)
မိုက်တယ် …လူတော်တော်များများမှာ အဲလိုခံစားချက်ရှိတယ် ထင်တယ် … ကျွန်တော်အပါအ၀င်ပေါ့..
အားပေးသွားပါတယ် …
🙂

commentinfo By: mgchannaye at Jun 8, 2011
Comment #7

ကြိုက်တယ်ဗျာ

commentinfo By: မိုးသစ်လေပြေ at Jun 8, 2011
Comment #8

လောကမှာအဲ့ဒီလိုလူတွေရှိနေတယ်နော်…
ကိုမင်းခန့်သူရေ
ကြိုက်တယ်ဗျာ။
အားပေးသွားပါတယ်ဗျာ….

commentinfo By: ရဲခေါင် at Jun 9, 2011
Comment #9

ခင်ဗျားတို့ကော ကိုယ့်စည်းနဲ့ကိုယ် ရှိကြသလား ။ ။

တော်တော်ကောင်ပါတယ်…….။ ။
ဒေါသတော့ ကြီးတယိထင်တယ်နော်..။။

Comment #10

တိရစ္ဆာန်တွေတောင်မှ ကိုယ့်စည်းနဲ့ကိုယ် နေကြတယ်ဆိုတာ သိသလား
ခင်ဗျားတို့ကော ကိုယ့်စည်းနဲ့ကိုယ် ရှိကြသလား ။ ။
ဟုတ်မယ် မင်းခန့်သူရေ
ကိုယ့်စည်းနဲ့ကိုယ် မနေနိုင်တဲ့သူတွေ လောကမှာ တစ်ပုံတစ်ပင်ကြီးပဲ
လူဆန်တဲ့လူတွေက လူမဆန်တဲ့သူတွေအတွက် နင်းကွက် အမြဲ ဖြစ်နေကြတယ်။
ကဗျာလေးကို အားပေးသွားပါတယ်
ခံစားချက်ကိုလည်း နားလည်တယ်…..။ ။

commentinfo By: ကေသရီ at Jun 9, 2011
Comment #11

“ခင်ဗျားတို့ကော ကိုယ့်စည်းနဲ့ကိုယ် ရှိကြသလား ။ ။”
ဟုတ်မယ် မင်းခန့်သူရေ
ကိုယ့်စည်းနဲ့ကိုယ် မနေနိုင်တဲ့သူတွေ လောကမှာ တစ်ပုံတစ်ပင်ကြီးပဲ
လူဆန်တဲ့လူတွေက လူမဆန်တဲ့သူတွေအတွက် နင်းကွက် အမြဲ ဖြစ်နေကြတယ်။
ကဗျာလေးကို အားပေးသွားပါတယ်
ခံစားချက်ကိုလည်း နားလည်တယ်…..။ ။

commentinfo By: ကေသရီ at Jun 9, 2011
Comment #12

တိရစ္ဆာန်တွေတောင်မှ ကိုယ့်စည်းနဲ့ကိုယ် နေကြတယ်ဆိုတာ သိသလား

ခင်ဗျားတို့ကော ကိုယ့်စည်းနဲ့ကိုယ် ရှိကြသလား ။ ။

အားပေးသွားပါတယ်နော်……

commentinfo By:ှနှင်းဖွေးလေး at Jun 9, 2011
Comment #13

အားပေးပါတယ်…။

commentinfo By: SoFarAwayFromU at Feb 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment