Professional Authors

ဒီဇင်ဘာအလွမ်း

အေးမြတဲ့ ဆောင်းတစ်ညမှာ
ထောင်းထောင်း ထအောင်ဆင်းသက်နေ
နှင်းစက် ဖွေးဖွေးတွေ။

နွေးထွေးမှုတွေ ကွယ်ပျောက်
အကြောက်ဆုံးက တစ်ခုသာ
ယခုအခါ ငါတွေးရင်း
ဝေးခဲ့ရတဲ့ ချစ်သူကို လွမ်း
နွမ်းနေတဲ့ အသည်းက
အမြဲ ပူလောင်ဆဲပါ။

တစ်နေ့မျှ မေ့လို့မရနိုင်ပါ
ယနေ့ဘဝတိုင် မင်းကိုမျှော်မှန်းရင်း
ရင်မှအလွမ်း  မအေးချမ်း
ငါလွမ်းဆွေးတဲ့
ဒီဇင်ဘာည….။   ။

 

ဇော်သက်ဦး

In: ကဗျာ Posted By: Date: Jun 8, 2011
Comment #1

အေးမြတဲ့ ဆောင်းတစ်ညမှာ………………../ /

Comment #2

အေးမြတဲ့ ဆောင်းတစ်ညမှာ
ထောင်းထောင်း ထအောင်ဆင်းသက်နေ
နှင်းစက် ဖွေးဖွေးတွေ။

နွေးထွေးမှုတွေ ကွယ်ပျောက်
အကြောက်ဆုံးက တစ်ခုသာ
ယခုအခါ ငါတွေးရင်း
ဝေးခဲ့ရတဲ့ ချစ်သူကို လွမ်း
နွမ်းနေတဲ့ အသည်းက
အမြဲ ပူလောင်ဆဲပါ။

တစ်နေ့မျှ မေ့လို့မရနိုင်ပါ
ယနေ့ဘဝတိုင် မင်းကိုမျှော်မှန်းရင်း
ရင်မှအလွမ်း မအေးချမ်း
ငါလွမ်းဆွေးတဲ့
ဒီဇင်ဘာည….။ ။

Leave Comments

Name*

Email*
Website
Email me whenever there is new comment