Professional Authors

မလည်တော့တဲ့ကမ္ဘာ

ဒီကဗျာကို တိုးတိုးလေးဖတ်ပါညီမလေးရေ….။

ရာသီအလီလီသာ ဂိုးတိုင်နှစ်တိုင်ကြားဝင်သွားတယ်
ဖလားတစ်လုံးမှမဂသေး
ရှုံးချင်တဲ့အခါ
စိတ်ကူးနဲ့ ကန်တာတောင်
ကန်ချက်တိုင်းလွဲချော်နေတယ်
ဒီလိုပဲ တစ်နေဝင်တစ်နေထွက်
သန်းခေါင်ယံထက် ညဥ့်နက်ခဲ့တယ် ညီမလေးရေ…။

တောင်စဉ်တွေကာရံထားတဲ့ ဘဝ
ဒီလိုဖုန်းဆိုးမြေကန္တာရမှာ
ဘယ်သူတွေက
အိုးဖွဲ့ အိမ်ဖွဲ့ နေချင်မှာလဲ ညီမလေးရေ…
နေဝင်လို့ လထွက်တာတောင်
သောကတောင်တန်းတွေပဲ လှမ်းမြင်နေရတဲ့ကောင်
တစ်နေ့တာကုန်ဆုံးဖို့
ဘယ်ကစားကွက်နဲ့ဖြတ်သန်းခဲ့ရတယ်ဆိုတာ
ကျွံကျနေတဲ့ ငါ့မျက်လုံးတွေက
သက်သေပါကွာ..။

ဘဆိုတာ……..
ကော်ဖီတစ်ခွက်လောက်တော့
အရသာရှိသင့်တာပေါ့ကွာ
ပျော်စရာတွေမပေးနိုင်တဲ့ ချစ်သူအဖြစ်နဲ့
နင် ငါ့ကို ခွင်မလွှတ်ပါနဲ့ ညီမလေးရေ…..။

သြော်…..
ဘဝတွေများပြောပါတယ်
မြို့နဲ့ရွာလိုခြားခဲ့ကြ
မင်းကကောင်းကင်ကို  ငုံ့ကြည့်နေတဲ့အချိန်
ငါက…….မြေကြီးကိုပဲ မော့မော့ကြည့်နေရ
မင်းလက်ကမ်းတဲ့အချိန် ငါဟာနောက်ကျနေခဲ့ပြီး
ငါလှမ်းခေါ်တဲ့အခါ မင်းကခရီးလွန်နေရော့မယ်..။

အချစ်ဆိုတာ…….
စနစ်တကျလွဲချော်ခြင်းလား ညီမလေးရေ…။
ဝေးနေစိတ်ချင်းဆက်သွယ်ခဲ့တဲ့ ညတွေဟာ
တံခါးပိတ်သွားပြီဆိုတော့လည်း
မျက်လုံးဖွင့်ပြီး အိပ်ရဦးမှာပေါ့ ညီမလေးရေ..။
ဒီလိုပါပဲကွာ
လူ့ဘဝဆိုတာ
သူ့ အချိန်ဇယားနဲ့ သူပါ
ပြီးတော့တက်သံကျသံတွေနဲ့
အချီအချသဘောဆန်လွန်းလှပါတယ်။
တွေခါနီးမှ လမ်းညွှန်မြေပုံက ပျောက်တယ်
ဒီနေရာရောက်မှ ဇာတ်ကနာတယ်
တစ်ခါတစ်လေတောဗ့လည်း သတိရမိတယ် ညီမလေးရေ..။

အေးပေါ့လေ…
ညီမလေးရဲ့ မေးခွန်းတွေကိုမှ မဖြေဆိုနိုင်ခဲ့တာ
ငါ့ စိတ်ကူယဉ်အိမ်ကလေးကို
ကံ့ကော်ပွင့်ခြောက်တွေနဲ့အတူ ထားခဲ့ပါတောကွာ…။

အတိတ်တွေကိုလည်း လှည့်ကြည့်မနေပါနဲ့တော့ ညီမလေးရေ…
တို့နှစ်ယောက်ရဲ့ကမ္ဘာဟာမလည်တော့ပါဘူးကွာ
လူဆိုတာ
ကိုယ့်ဝင်ရိုးပေါ် ကိုယ်တိမ်းစောင်းပြီး လည်နေကြတဲ့
ဂြိုဟ်သိမ်ဂြိုဟ်ငယ်ဂြိုဟ်မွှားလေးတွေပါ
တကယ်တော့…
တို့နှစ်ယောက်ရဲ့ကမ္ဘာဟာ
မလည်တော့ပါဘူးကွာ……………..။  ။

In: ကဗျာ,Others Posted By: Date: Jun 6, 2011
Comment #1

ချစ်ညီမလေး ဆီသို့……….

Comment #2

ကဗျာလေးက… ဆန်းတရ်နော်…. ခံစားချက်လေး အေးအေးလေးနဲ့ဖတ်လိုက်ရတရ်…
အမတောင်တမျိုးခံစားမိတရ်မောင်လေးရေ… ခံစားဖတ်သွားတရ်နော်..
အားပေးနေတရ်.. မောင်လေးရေ…

commentinfo By: sandi at Jun 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment