Professional Authors

ကျွန်တော် နှင့် ပေါက်တူး တစ်လက် ( လူမော်ငြိမ်း )

“ ဘာကောင်မှ မဟုတ်ပါဘူး ” … အဲဒီ အသိတရားက

ထင်ထားတာထက် မြင်အောင် သင်ကြားပေးနိုင်တယ် ။

သေနတ် မကိုင်ချင်ဘူး … ရာဇပုလ္လင်မှာ မထိုင်ချင်ဘူး ။

အပူအပင်ကင်းတဲ့ အထက်တန်းကျောင်းသားဘဝက

သင်ပေမယ့် မမြင်ခဲ့ရတဲ့ “ THE QUIET LIFE ”  ကိုပဲ

မှောင်ရိပ်အောက်မှာ တိုးတိုးတိတ်တိတ် ရွတ်နေချင်တာ ။

တစ်ခါတလေ ဆော့ခရတ္တိလိုလဲ အဆိပ်သောက်ပြီး သေချင်မိရဲ့ ။

အခုဆို တန်တာထက် ပိုလို့ ငါ့အတွက် ဘာကိုမှ မလိုတော့ပါဘူး ။

“ ရိုးရှင်းတဲ့ ဘဝ ” ဆိုတာ အတွင်းက လာတာလို့ ခံစားနေရတယ် ။

ကုဒါလ ပဏ္ဍိတ ဇာတ်ကို တစ်ဆယ့် ကိုးကြိမ်မြောက် ဖတ်ခဲ့ ပြီးချိန် ။

 

လူမော်ငြိမ်း

Sunday , June 5 , 2011

 


In: ကဗျာ Posted By: Date: Jun 5, 2011
Comment #1

ကြိုက်တယ်.. ခွင့်မရှိပဲ ကူးယူမိတာအတွက် တောင်းပန်ပါတယ်..

commentinfo By: exitplus at Jun 5, 2011
Comment #2

သင်ပေမယ့် မမြင်ခဲ့ရတဲ့ “ THE QUIET LIFE ” ကိုပဲ

မှောင်ရိပ်အောက်မှာ တိုးတိုးတိတ်တိတ် ရွတ်နေချင်တာ ။
(ဟုတ်တယ် ကိုလူမော်….)

commentinfo By: ငယ်လေး at Jun 6, 2011
Comment #3

ကျေးဇူးတင်ပါတယ် exitplus ရေ …
ပြောစရာ မလိုပါဘူး … အေးဆေးပါ ။

Comment #4

ဟုတ်ကဲ့ပါ … ငယ်လေးရေ
ခံစားချက်တွေ တူတာကိုတော့
ပြောစရာ မလိုတော့ ပါဘူးနော် ။

Comment #5

ဟုတ်တယ် ကိုလူမော်
ကျေးဇူးတင်ပါတယ်

commentinfo By: ငယ်လေး at Jun 6, 2011
Comment #6

ကိုလူမော်ငြိမ်းရေ..အားပေးနေတယ်နော်…ကဗျာတိုင်းကရင်ကိုထိဆဲပါ.. 🙂

commentinfo By: ရွှေငါး at Jun 27, 2011
Comment #7

ဟုတ်ကဲ့ပါ … မ ရွှေငါး ရေ … ( ကြိုးစားလျက်ပါ ) ။

Comment #8

သင်ပေမယ့် မမြင်ခဲ့ရတဲ့ “ THE QUIET LIFE ” ကိုပဲ

မှောင်ရိပ်အောက်မှာ တိုးတိုးတိတ်တိတ် ရွတ်နေချင်တာ ။

ကြိုက်တယ်ဗျာ.။

commentinfo By: 13th at Dec 21, 2012
Comment #9

သေနတ် မကိုင်ချင်ဘူး … ရာဇပုလ္လင်မှာ မထိုင်ချင်ဘူး ။

အပူအပင်ကင်းတဲ့ အထက်တန်းကျောင်းသားဘဝက

သင်ပေမယ့် မမြင်ခဲ့ရတဲ့ “ THE QUIET LIFE ” ကိုပဲ

မှောင်ရိပ်အောက်မှာ တိုးတိုးတိတ်တိတ် ရွတ်နေချင်တာ ။

ဒုတိယအကြိမ် လေးစားသွားပါသည်.။။။

commentinfo By: 13th at Dec 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment