Professional Authors

“ပွင်တူရွက်တူ”

ကိုယ့်လက်ဖဝါး ဖြန်းလိုက်တိုင်း
မင်းလက်ဖဝါးလေးလာတင်ပေးတာ အချစ်ဆိုရင်
အဲဒီအဖြစ်အပျက်ပေါင်းများအတွက်
အကြိမ်ပေါင်းများစွာ ခက်ခဲနေဦးမှာကလည်း  ဘဝပေါ့…

ငဝန်မြစ်ရေပြင်ပေါ် အရိပ်တို့ရှည်လျားပျော်ဝင်ချိန်
စက်လှေဝမ်းထဲ ရွဲ့ စောင်းစောင်းထီးလေးတစ်လက်ဟာ
မင်းအသက်ဓာတ်ထဲက မေတ္တာဆိုရင်
ကျိုက်ဝိုင်းမှတ်တိုင်မှာ
လမ်းကို သိစိတ်မဲ့အခါခါ ဖြတ်ကူးနေခဲ့တာ ကိုယ့်အချစ်ပါပဲ..။

မင်းဆံပင်တွေဖြတ်ပစ်လိုက်တာ
ကိုယ့်ကိုသံယောဇဉ်ဖြတ်တာမဟုတ်မှန်းသိတယ်
တစ်ခါတစ်လေ
ကိုယ်က မီးတောက်ကိုငေးရီအားကျမိတဲ့သစ်ရွက်ခြောက်
ဆင်းရဲသလောက် အစွဲအလမ်းကြီးခဲ့ဖူးတယ်…။

မင်းမျက်ရည်နဲ့ ကိုယ့်သစ္စာတရား
အသွေးအသားလို ပေါင်းစပ်ထားတယ်
ပစ္စုပန်မှောင်တွကြားထဲလည်း
ကိုယ့်အလွမ်းစိတ်ကလေး ထွန်းညှိထားပါတယ်…။

ပျော်ရွှင်ကြည်နူးစရာကြုံတဲ့အခါ
လေညင်းလေးတိုက်သလို စကားပြောပြီး
သစ်ရွက်ကလေး လှုပ်ခတ်သလိုရယ်မောပါ…
ဝမ်းနည်းနာကျင်စရာဆိုရင်လည်း
မင်းနှစ်သက်တဲ့ ချောကလက်လို
အင်အားနဲ့ထွေးဖက်ပါ…
မင်းကသဘာဝတရားရဲ့ အရောင်တူပန်းပွင့်
ကိုယ်က မြေကြီးနဲ့နီးစပ်တဲ့ သစ်ရွက်
ငှက်ကလေးလို ပျံသန်းနေမှာ….
ဒါ ကိုယ်တို့မေတ္တာ  ကိုယ်တို့ကမ္ဘာ
ဆုပ်လို့ပဲ   စူးခဲ့စူးခဲ့
စားလို့ပဲ   ရူးခဲ့ရူးခဲ့…။ ။
                  Presented By:
                  ဇော်သက်ဦး(Ayatekalay)

In: ကဗျာ,Others Posted By: Date: Jun 3, 2011
Comment #1

ကိုယ့်လက်ဖဝါး ဖြန်းလိုက်တိုင်း
မင်းလက်ဖဝါးလေးလာတင်ပေးတာ အချစ်ဆိုရင်
အဲဒီအဖြစ်အပျက်ပေါင်းများအတွက်
အကြိမ်ပေါင်းများစွာ ခက်ခဲနေဦးမှာကလည်း ဘဝပေါ့…
ကိုယ့်လက်ဖဝါး ဖြန်းလိုက်တိုင်း
မင်းလက်ဖဝါးလေးလာတင်ပေးတာ အချစ်ဆိုရင်
အဲဒီအဖြစ်အပျက်ပေါင်းများအတွက်
အကြိမ်ပေါင်းများစွာ ခက်ခဲနေဦးမှာကလည်း ဘဝပေါ့…

ငဝန်မြစ်ရေပြင်ပေါ် အရိပ်တို့ရှည်လျားပျော်ဝင်ချိန်
စက်လှေဝမ်းထဲ ရွဲ့ စောင်းစောင်းထီးလေးတစ်လက်ဟာ
မင်းအသက်ဓာတ်ထဲက မေတ္တာဆိုရင်
ကျိုက်ဝိုင်းမှတ်တိုင်မှာ
လမ်းကို သိစိတ်မဲ့အခါခါ ဖြတ်ကူးနေခဲ့တာ ကိုယ့်အချစ်ပါပဲ..။

မင်းဆံပင်တွေဖြတ်ပစ်လိုက်တာ
ကိုယ့်ကိုသံယောဇဉ်ဖြတ်တာမဟုတ်မှန်းသိတယ်
တစ်ခါတစ်လေ
ကိုယ်က မီးတောက်ကိုငေးရီအားကျမိတဲ့သစ်ရွက်ခြောက်
ဆင်းရဲသလောက် အစွဲအလမ်းကြီးခဲ့ဖူးတယ်…။

မင်းမျက်ရည်နဲ့ ကိုယ့်သစ္စာတရား
အသွေးအသားလို ပေါင်းစပ်ထားတယ်
ပစ္စုပန်မှောင်တွကြားထဲလည်း
ကိုယ့်အလွမ်းစိတ်ကလေး ထွန်းညှိထားပါတယ်…။

ပျော်ရွှင်ကြည်နူးစရာကြုံတဲ့အခါ
လေညင်းလေးတိုက်သလို စကားပြောပြီး
သစ်ရွက်ကလေး လှုပ်ခတ်သလိုရယ်မောပါ…
ဝမ်းနည်းနာကျင်စရာဆိုရင်လည်း
မင်းနှစ်သက်တဲ့ ချောကလက်လို
အင်အားနဲ့ထွေးဖက်ပါ…
မင်းကသဘာဝတရားရဲ့ အရောင်တူပန်းပွင့်
ကိုယ်က မြေကြီးနဲ့နီးစပ်တဲ့ သစ်ရွက်
ငှက်ကလေးလို ပျံသန်းနေမှာ….
ဒါ ကိုယ်တို့မေတ္တာ ကိုယ်တို့ကမ္ဘာ
ဆုပ်လို့ပဲ စူးခဲ့စူးခဲ့
စားလို့ပဲ ရူးခဲ့ရူးခဲ့…။ ။

အရမ်းကြိုက်တယ်..အဲဒီစာသားလေးတွေကို

commentinfo By: အသဲကွဲမိုး at Jun 3, 2011
Comment #2

အားပေးသွားတဲ့ မမ ကို ကျေးဇူးကမ္ဘာ ပါလို့ပြောချင်ပါတယ်…………..။ ။

Comment #3

ကြိုးစားပါဦးမည်…။

Comment #4

excellent

commentinfo By: ei lay at Oct 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment