Professional Authors

အချစ်လားဟေ့ ဝင်ခဲ့လေကွယ် (မင်းလူ)

သော့ခတ်ထားတဲ့
သံမဏိတံခါးကို
လာခေါက်တယ်။

သွယ်လျတဲ့ လက်ချောင်းကလေးတွေရှိတဲ့
ပန်းနုရောင် လက်သည်းကလေးတွေရှိတဲ့
ရွှေဝါရောင် မွေးညင်းကလေးတွေရှိတဲ့
လက်ကလေးမှန်း
ဒီကလည်း သိလိုက်ပါရဲ့။

သွေးတွေကို ခဲသွားစေတဲ့
ဦးနှောက်တွေကို ဆူဝေလာစေတဲ့
ခြေဖျားလက်ဖျားတွေကို အအေးမိစေတဲ့
နှလုံးသားကို ချွေးစို့လာစေတဲ့သူဟာ
‘မင်း’ရယ် ‘အမုန်း’ရယ်
နှစ်ယောက်ပဲရှိတယ်။
ခု-
‘အမုန်း’ ဟာ ခရီးလွန်နေတယ်ဆိုတော့
တံခါးကို လာခေါက်တဲ့သူဟာ
မင်းပဲဖြစ်ရမယ်ဆိုတာ ဒီကလည်း သိလိုက်ပါရဲ့။
‘အချစ်လားဟေ့ ဝင်ခဲ့လေကွယ်’။ ။

……………………………………………….. မင်းလူ

Comment #1

အားပါး..ဆရာမင်းလူရယ်တော်လိုက်တာ.. ရင်ထဲကိုထိသွားတယ်.။
‘မင်း’ရယ် ‘အမုန်း’ရယ်
နှစ်ယောက်ပဲရှိတယ်။
ခု-
‘အမုန်း’ ဟာ ခရီးလွန်နေတယ်ဆိုတော့
တံခါးကို လာခေါက်တဲ့သူဟာ

commentinfo By: ရွှေငါး at Apr 30, 2011
Comment #2

အရမ်းကိုဖတ်ရတာအနှစ်သာရရှိတယ်နော်.

commentinfo By: May Kha at Aug 1, 2011
Comment #3

တော်တော်လေးကောင်းပါတယ်

commentinfo By: Village chat kyi at Sep 7, 2011
Comment #4

nice.
cute.

commentinfo By: ei lay at May 20, 2012
Comment #5

သွေးတွေကို ခဲသွားစေတဲ့
ဦးနှောက်တွေကို ဆူဝေလာစေတဲ့
ခြေဖျားလက်ဖျားတွေကို အအေးမိစေတဲ့
နှလုံးသားကို ချွေးစို့လာစေတဲ့သူဟာ
‘မင်း’ရယ် ‘အမုန်း’ရယ်
နှစ်ယောက်ပဲရှိတယ်။
……………..
တော်တော်ကောင်းတဲ့ စာသားတွေ … 🙂

commentinfo By: နွေ at Mar 29, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment