Professional Authors

ခေတ်သစ်ယဉ်ကျေးမှု

ဟေ့သည်မှာ…
ကာကွယ်မှုဆိုတာ
ရင်ဆိုင်နိုင်စွမ်းမရှိခြင်းတစ်မျိုးပဲ
အတုအယောင်တွေနဲ့
မာယာမြူဝေနေတဲ့လောကမှာ
ဘယ်အရာကများ
မျက်နှာထားရှင်းလို့လဲ။

(အားလုံးဟာကိုယ့်အဆိပ်နဲ့ကိုယ်
ချွန်ရှထက်မြိတယ်ဆိုတာကိုတော့
မမေ့နဲ့ပေါ့)

တစ်ပါးသူရဲ့ 
အဆီကိုစားအသားကိုမြိုတာထက်
ကိုယ့်လက်ကိုယ်ပြန်ဖောက်
ကိုယ့်သွေးကိုယ်ပြန်သာသောက်လိုက်ချင်ရဲ့ 

ကိုယ့်လမ်းကိုယ်အမှောင်ချ
တိတ်ဆိတ်တဲ့သုညကိုပဲ
သဘောကျနေတာလူညံ့မဟုတ်ဘူး

နီယွန်ခေတ်ကကဗျာတွေကို
မလိုမလားမခံစားနိုင်သူတွေ……
ကိုယ်တိုင်မပျော်ဝင်ဖူးဘဲ
အရူးလို့ပြောမနေကြနဲ့

ခင်ဗျားတို့သိအောင်တစ်ခုတော့
ပြောခဲ့ရမယ်ဗျ
အနုပညာဟာအနုပညာ
ကိုယ်တိုင်ဖန်တီးရတဲ့ဘာသာဗေဒပဲ။
                                         မိုးသစ်လေပြေ

In: ကဗျာ Posted By: Date: Jun 1, 2011
Comment #1

မိုးသစ်လေပြေ….
ကိုယ်တိုင်ဖန်တီးရတဲ့ဘာသာဗေဒပဲ။
ဟုတ်တယ်ဗျာ…အ၇မ်းကောင်းတယ်

commentinfo By: poem.poem28 at Jun 1, 2011
Comment #2

ကိုယ်တိုင်ဖန်တီးရတာ ဘာသာဗေဒ ပါ ပဲ။
သိပ်ကောင်းတယ်………..။

Comment #3

ကောင်းပါ့လေ … ကို မိုးသစ်ရေ ။
ချီးကျူးစကားကို ဘယ်နှယ့် ပြောရပ ။

Comment #4

အားလုံးကိုကျေးဇူးပါ ကျွန်တော် အခုမှ ၁၆နှစ်ပဲရှိပါသေးတယ် အစ်ကိုလူမော်ငြိမ်းရေ အရှေ့က “ကို”ဆိုတာကြီးကို မြင်ရင် ကိုယ့်ဘာသာကိုယ် မလုံမလဲဖြစ်လာလို့ပါ 😀

commentinfo By: မိုးသစ်လေပြေ at Jun 2, 2011
Comment #5

ငယ်ငယ်လေးနဲ့ တော်တယ်နော်

ကဗျာပေါ်သက်ဝင်ခံစားမှုအရမ်းကောင်းပါတယ်

commentinfo By: ခင်ဘုန်းနေ at Jun 2, 2011
Comment #6

ကျေးဇူးပါ အစ်မး)

commentinfo By: မိုးသစ်လေပြေ at Jun 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment