အနှိုင်းမဲ့
Some Memories are never fade

အနှိုင်းမဲ့
၁။ ယိုင်လဲလုနီးပါး ငါလျှောက်တဲ့လမ်း
အကွေ့အကောက်တွေ များလွန်းတော့
ငါ့ရင်မှာ တကယ် မကောင်းဖြစ်ရတယ်။
၂။ ဝေးနေချိန်ဘ၀မှာ မင်းနဲ့ငါ ပေါင်းဖက်ဖို့
မျှော်လင့်ချက်ဆိုတာ မရှိဘူး မပြောနိုင်တော့
သိပ်ကို တန်ဖိုးကြီးကြီး ဖြစ်ရတယ်။
၃။ သူ့စိတ်တွေသာ ငါ့စကားကြားရင်
ဖျားသွားမှာစိုးလို့ များများ မပြောနိုင်တာကို
အောက်မေ့ခြင်း ကင်းပြီလို့ ထင်မှာ စိုးရတယ်။
၎။ ကြောင့်ကြမဲ့ ဘ၀မှာ တကယ်ပိုင်ဆိုင်တာ ဆိုလို့
နှလုံးသားတစ်ခုတည်းသာ သန့်စင်နေတော့
စိုးရွံ့စိတ်နဲ့ဘဲ ကိုယ့်ကိုကိုယ် သိမ်ငယ်နေလိုက်တော့တယ်။
၅။ အက်ကြောင်းထပ်တာကို သိရက်နဲ့
ဖုံးကွယ်ချင်တာ ကိုယ့်အကြောင်းနဲ့ ကိုယ်ဆိုတော့
စိတ်ဆိုတာ အစိုးမရတဲ့ ခန္ဓာရဲ့ သော့ချက် ဖြစ်ရတယ်။
၆။ အတိတ်ကို စွန့်ဖို့ အကြောင်းပေါ်လာတိုင်း
တချက်လေး စောင်းငဲ့ကြည့်ရုံနဲ့ ကိုယ်ရှိနေတာ မင်းတွေ့ရင်
ငိုကြွေးခြင်းဆိုတာ နတ္တိလို့ ခံယူထားစေချင်တယ်။
၇။ ကိုယ့်ဘ၀ရဲ့ တသက်တာ မြတ်နိုးခြင်းကို
မှတ်ကျောက်တင်ဖို့ မင်းနှလုံးသားက လက်ခံခဲ့ရင်
ဘယ်ပုံသဏ္ဍာန်နဲ့ဘဲ ဖြစ်ဖြစ် ကြည်နူးခြင်းကို…
ပြောမပြတတ်အောင်ကို မျက်စီစုံမိတ်ပြီး
ဂုဏ်ယူနေမိမယ်….

BlueHope
Comment #3
really nice,
really nice.
really nice,
By: ei lay at Aug 14, 2011




Comment #1
အကြိုက်ဆုံး ကဗျာလေးပါဘဲ ရင်ထဲထိ စူးရှဝင်သွားတယ် ပျော်ရွှင်ပါစေ