ကြည်နူးစိတ်

It is so meaningful
It is so wonderful
It is meaningful
It is wonderful
It is meaningful
It goes full circle
Wonderful
Meaningful
Full Circle
Wonderful
ကြည်နူးစိတ်
တလောကလုံးက ကျွန်တော်နားမှာ ရှိနေတယ်
အရာအားလုံးက အိမ်မက်ထဲထိ လိုက်လာတယ်
တမ်းမက်ခြင်းက ပန်းလေးတစ်ပွင့်လို လှနေတယ်
အဲဒါ သူ့စိတ်နဲ့ကိုယ် နှစ်ပါးသွားစင်ထက်မှာ ကခုန်နေတဲ့ ဒရမ်မာတစ်ပုဒ်ပေါ့။
ရှိရှိသမျှတွေက ဆုတောင်းတဲံ အတိုင်း ဖြစ်နေတယ်
ပြုပြုသမျှက မျက်လှည်ဆရာအလား လိုရာဆွဲထုတ်ပြနေတယ်
ဆုတောင်းသမျှက ပန်းပုဆရာအလား လိုရာ ပုံသွင်းပြနေမိတယ်
အဲဒါ ပန်းနွယ်တို့ လှိုက်ဖိုယှက်သလို တိမ်းညွှန့် လွန့်လူးနေတဲ့ အကြောင်းအရာ တစ်ခုပေါ့။
စိတ်ကျမ်းမာရေးက ငယ်ငယ်ကအတိုင်း ဖြစ်နေတယ်
အားအင်တချို့က မတောင်းတဘဲ ခန္ဓာအနှံ ပြေးလွားနေတယ်
အပြုံးတစ်ခုက နေ့စဉ်ရက်စက်ဘဲ လက်တကမ်းအကွာမှာ ရှိနေသေးတယ်
အဲဒါ ဆောင်းဦးညခင်းရဲ့ သာယာအေးမြလှတဲ့ ကောင်းကင်ပြာ တစ်ခုပေါ့။
BlueHope
Comment #3
ကောင်းတဲ့ကဗျာလေးပါ။တော်တော်စိတ်ကူးကောင်းပါတယ်။
By: Village chat kyi at May 31, 2011
Comment #4
“အဲဒါ သူ့စိတ်နဲ့ကိုယ် နှစ်ပါးသွားစင်ထက်မှာ ကခုန်နေတဲ့ ဒရမ်မာတစ်ပုဒ်ပေါ့။”
အရမ်းလှတဲ့ ကဗျာလေးပဲ….။စာသားလေးတွေ ကောင်းလိုက်တာ….။
By: ကေသရီ at May 31, 2011
Comment #6
so romantic.
By: ei lay at Aug 14, 2011
Comment #7
like so muchboth title & poem
By: ei lay at Jul 27, 2012




Comment #1
ပုံနဲ့ စာနဲ့ လိုက်ဖက်အောင် လုပ်ထားတာဘဲ ဒီကဗျာလေးလဲ အရမ်းကြိုက်တယ် ရင်ထဲတောင် အလွမ်းအပျော်တွေ ကူးစက်လာသလိုဘဲ