Professional Authors

အုံကြွခြင်း

“တောက်”
နာကျည်းခံပြင်းမှုတွေကို
ဖွင့်ဟလှစ်ပြဖို့
အဲလို အာမေဋိတ်သံကိုတောင်
မင်းရဲ့ရှေ့မှာ
ငါ ချမပြရက်ခဲ့ဘူး။
မင်းမျက်နှာကြည့်
မင်းအလိုက်သိတဲ့ကောင်မလေး
မင်းသဘောကိုပဲရှေးရှုလာခဲ့တဲ့
ပေးဆပ်မှုသက်သက်ကောင်မလေး
ဒါတွေအတွက်ငါရခဲ့တဲ့
နင့်ဘက်ကလျစ်လျူ၇ှုခြင်းတွေ
ခံပြင်းစရာကောင်းတဲ့အမူအယာတွေ
ပြီးတော့……….
ဝမ်းနည်းစရာကောင်းတဲ့ရက်စက်စကားတွေအတွက်
ငါ ပေါက်ကွဲချင်မိတယ်
နင့်မျက်နှာကိုစေ့စေ့ကြည့်ပြီး………
“တောက်”။

In: ကဗျာ Posted By: Date: May 28, 2011
Comment #1

ခေါက်လိုက်စမ်းပါအဲလို ………. ဖြစ်အောင်လုပ်… အားပေးတယ်… သိလား

commentinfo By: angel at May 28, 2011
Comment #2

ကောင်းတယ်…အားရပါးရခေါက်ပစ်လိုက်စမ်းပါ……. 😀

commentinfo By: terry at May 29, 2011
Comment #3

nice!!!!!!!

commentinfo By: နှင်ဖွေးလေး at May 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment