Professional Authors

အရောင်ဆိုးထားတဲ့ အတတ်ပညာ ( လူမော်ငြိမ်း )

ကောင်းကင်ကို မော့ကြည့်ရင်
တိမ်တွေ လွင့်နေတာကို မြင်ရမယ် ။
စိတ်ဓာတ်တွေ ကျဉ်းမြောင်းတယ်ဆိုတာ
သတင်းကောင်းတစ်ခု မဟုတ်ပါ ။
ဖြူအောင် စိတ်ကိုထား ဆိုတဲ့ စာသားကို
ဧည့်ခန်းနဲ့ စာရေးခုံမှာ ကပ်ထားသင့်ပါသလား ။
ဘာသာတရားက ဘယ်လောက်ပဲ ဆုံးမပေမယ့်
မွေးရာပါ အာရုံကြောတွေက အသုံးကျဖို့ လိုတယ် ။
ရိုးသားမှုမပါရင် ဘယ်ဟာမှ အစစ်အမှန် မဟုတ်ဘူး ။

လူမော်ငြိမ်း
Thursday , May 26 , 2011

In: ကဗျာ Posted By: Date: May 26, 2011
Comment #1

ရိုးသားမှုမပါရင် ဘယ်ဟာမှ အစစ်အမှန် မဟုတ်ဘူး ။
ကိုလူမော်ငြိမ်း…အားပေးနေပါတယ်။

commentinfo By: poem.jinx28 at May 26, 2011
Comment #2

ကျေးဇူးတင်ပါတယ် poem.jinx28 ရေ … ။

Comment #3

ကြိုက်လွန်းခိုက်လွန်းတယ်ဟေ့ မွေးရာပါအာရုံကြောတွေက အသုံးကျဖို့လိုတယ် မှန်လိုက်တာ အစ်ကိုရာ

commentinfo By: မိုးသစ်လေပြေ at May 27, 2011
Comment #4

ဟုတ်ကဲ့ပါ ကို မိုးသစ်လေပြေ ။
ဖတ်ရှုပေးတာကို ကျေးဇူးတင်ပါတယ် ။

Comment #5

ple let me share ko lu maw

commentinfo By: ya at May 29, 2011
Comment #6

ple let me share ,ko lu maw nyein

commentinfo By: moe at May 29, 2011
Comment #7

ကိုလူမော်ငြိမ်းကအမြဲတမ်း အတွေးတစ်ခုတော့ပေးတယ်… 🙂

ရိုးသားမှုမပါရင် ဘယ်ဟာမှ အစစ်အမှန် မဟုတ်ဘူး လို့လက်ခံထားတဲလူတစ်ယောက်ထပ်ရှိနေသေးတဲ့အတွက်
ကျမ အထီးကျန်မဆန်တော့ပါဘူး ……… LIKE 🙂

commentinfo By: ရွှေငါး at May 30, 2011
Comment #8

ဟုတ်ကဲ့ပါ …ya နဲ့ moe ရေ …share ပါ ။
စေတနာကို ကျေးဇူးတောင် တင်ရဦးမှာပါ ။

Comment #9

ဟုတ်ကဲ့ပါ … မရွှေငါးရေ
ကျွန်တော်လည်း ထိုနည်းတူစွာ ပါပဲ ။

Comment #10

ကောင်းကင်ကို မော့ကြည့်ရင်
တိမ်တွေ လွင့်နေတာကို မြင်ရမယ် ။
စိတ်ဓာတ်တွေ ကျဉ်းမြောင်းတယ်ဆိုတာ
သတင်းကောင်းတစ်ခု မဟုတ်ပါ ။
ဖြူအောင် စိတ်ကိုထား ဆိုတဲ့ စာသားကို
ဧည့်ခန်းနဲ့ စာရေးခုံမှာ ကပ်ထားသင့်ပါသလား ။
ဘာသာတရားက ဘယ်လောက်ပဲ ဆုံးမပေမယ့်
မွေးရာပါ အာရုံကြောတွေက အသုံးကျဖို့ လိုတယ် ။
ရိုးသားမှုမပါရင် ဘယ်ဟာမှ အစစ်အမှန် မဟုတ်ဘူး ။

Comment #11

lovely thoughts…. 🙂

commentinfo By: chemical moezat at Jan 15, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment