Professional Authors

ပေးတဲ့ဆုနဲ့ ပြည့်စုံပါစေ (မင်းလူ)

‘မျက်နှာတောင် မကြည့်ချင်ဘူး’ တဲ့ …
ဪသာ် … မျက်နှာမြင် ချစ်ခင်မိမှာ စိုးလို့လား။

‘အသံတောင် မကြားချင်ဘူးတဲ့’ တဲ့ …
ဪသာ် … အသံကြား သနားမိမှာ စိုးလို့လား။

‘ဘာမှ လာမပြောပါနဲ့ ‘ တဲ့ …
ဪသာ် … မေးပါများ စကားရမှာ စိုးလို့လား။

‘ညည အဆောင်ရှေ့မှာ သီချင်းလာမဆိုပါနဲ့ ‘ တဲ့ …
ဪသာ် .. မအိပ်မနေ အသက်ရှည်မှာ စိုးလို့လား။

‘အခန်းကို နှင်းဆီပန်းတွေ လာမပို့ပါနဲ့ } တဲ့ ….
ဪသာ် … ရေလိုအေးလို့ ပန်းလိုလန်းမှာ စိုးလို့လား။

‘ဘာမှ ပြောစရာမရှိဘူး’ တဲ့ …
ဪသာ် စကားထဲက ဇာတိပြမှာ စိုးလို့လား။

‘ … ‘ ….
ဪသာ် … ပေးတဲ့ဆုနဲ့ ပြည့်စုံပါစေ။

မင်းလူ

Comment #1

မိုက်တယ်..ကျေးဇူးပါပဲ မဖြိုး

commentinfo By: Red Demon at Aug 23, 2011
Comment #2

wow,,,,,
wow,,,,
wow,,,,
heart hti de kwar.

commentinfo By: ei lay at Aug 23, 2011
Comment #3

အးပေးသွားပါတယ်

commentinfo By: Village chat kyi at Sep 7, 2011
Comment #4

ကောင်းလိုက်တာ

commentinfo By: myatthuraaung at Sep 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment