Professional Authors

*ဝေးလွင့်ခဲ့သော နှလုံးသားတစ်စုံ*

သိပ်ချစ်ခဲ့ဖူးတဲ့ နှလုံးသားတစ်ခု
တစ်စုံတစ်ယောက်ကြောင့်
ပျောက်ပျက်သွားခဲ့ပြီ………..
တစ်ချိန်က ရရှိခဲ့တဲ့
ချိုမြိန်တဲ့ အနမ်းတွေဟာလည်း
တိမ်တွေလို ဝေးလွင့်သွားရပြီ………………
ဖြစ်ပျက်ခဲ့သမျှကို ပြန်ကြည့်ခဲ့ရင်
ငါဘာတွေမှားယွင်းနေလို့လဲ………….
ကံတရားရဲ့ မျက်နှာသာပေးမှုကို
ငါမပိုင်ဆိုင်ခဲ့ဘူးလေ……
ဘာလို့လဲ ငါဘာတွေများမှားခဲ့လို့
လောကကြီး ဒီလောက်တောင်
ရက်စက်တာလဲကွာ……………
ဘာလို့ ချစ်ခြင်းတရားမှာ
ရက်စက်မှုတွေနဲ့ ကံဆိုးမှုတွေ
ကြုံခိုင်းရတာလဲ…….
ဘ၀ဆိုတာ လည်ပတ်နေတဲ့
စက်ဝိုင်းကြီး တစ်ခုလိုဆိုပေမယ့်
ငါ့အတွက်တော့ လည်ပတ်မှုက
အရမ်းမြန်ဆန်ခဲ့တယ်……………
ငါ့စိတ်တွေ အရမ်းကို ပြိုပျက်ခဲ့ပြီ
အရမ်းကိုလည်း ရူးသွပ်နေရပြီ
လူတွေက ပြောနေကြပြီ
ငါ့ကို အရူးတစ်ယောက်တဲ့…….
နင်ကြည့်ရက်လားဟာ…………
နင့်ကို ငါရူးမတတ်လွမ်းနေပြီ
သေမတတ်လည်း ခံစားရနေရပြီ
ကြယ်ကြွှေတိုင်းလည်း တောင်းဆုတစ်ခုကို
ငါအမြဲတောင်းတ နေပြီလေ……….
(ချစ်သူ)နင်သိလား“
ငါတောင်းတတဲ့ ဆုကိုလေ…….
နင်ငါ့အတွက် အဲဒီတောင်းဆုကို
ဖြည့်ဆည်းပေးပါလားဟာ…..
တောင်းပန်ပါတယ်…လောကကြီးရယ်
ငါ့ကိုသေခွင့်ပေးပါတော့……
ချစ်တဲ့သူနဲ့ ဝေးကွာခဲ့တဲ့ ငါ့ဘဝ
ဘယ်လိုများအဓိပ္ပါယ်ရှိတော့မှာလဲ…………..
ကျောက်သားဖြူဖြူ ထုံးဖြူဖြူနဲ့
အုတ်သားဂူလေး ရှေ့မှာ
ငါရူးသွပ်စွာနဲ့ ဒီစာလေးကို
ငါရေးခဲ့တယ်……………..
(နင့်ကို ငါဘယ်တော့မှမခွဲဘူး)
                                         အရာအားလုံးကို စွန့်လွှတ်ခဲ့သူ
                                               (မိုးထက်)

In: ကဗျာ Posted By: Date: May 24, 2011
Comment #1

ကျွန်တော့်ရဲ့ အဓိပ္ပါယ်မဲ့တဲ့ စိတ်ကူးယဉ် ပုံပြင်လေးတစ်ပုဒ်ပါ
အရေးအသားသေသပ်မှူမရှိတဲ့အတွက် တောင်းပန်ပါတယ်…………….

commentinfo By: Gipsy Lay at May 24, 2011
Comment #2

အားပေးသွားပါတယ် မိုးထက်ရေ..

commentinfo By: HORIZON at May 25, 2011
Comment #3

ကျေးဇူးတင်ပါတယ် HORIZON

commentinfo By: Gipsy Lay at May 26, 2011
Comment #4

ကျောက်သားဖြူဖြူ ထုံးဖြူဖြူနဲ့
အုတ်သားဂူလေး ရှေ့မှာ
ငါရူးသွပ်စွာနဲ့ ဒီစာလေးကို
ငါရေးခဲ့တယ်……………..
(နင့်ကို ငါဘယ်တော့မှမခွဲဘူး)
။။။။။။။။။။။။။။။
ရင်ကိုတဲ့တဲ့ထိမှန်စေသော

commentinfo By: အသဲကွဲ မိုး at Apr 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment