Professional Authors

တေလေတယောက်ရဲ.နှလုံးသားဈာပန

တခါတလေ ဖြစ်သင့်တာကို ဖြစ်ချင်တာထက်
ဦးစားပေးမိတဲ့အခါ မဖြစ်ချင်တဲ့ဟာတွေဖြစ်သွားတယ်
တခါတလေ ဆန္ဒနဲ. ဘ၀ထပ်တူမကျတဲ့အခါ
ဘ၀ကိုပဲ ရွေးချယ်လိုက်ရတာတွေ ဟာ ကိုယ့်လည်ပင်းကို ကိုယ်စွပ်တဲ့
ကြိုးတွေဖြစ်သွားတယ်
တခါတလေ ချစ်သူ.ကို သိပ်ချစ်လွန်းလို. မင်းရင်ထဲကိုမြင်ပြီး
မျက်ရည်စက် တွေနဲ. အခြားတဦးကို ပေးဆပ်လိုက်ရတဲ့အခါ
ချစ်သူရဲ. ငြိုငြင် နာကျဉ်းမူတွေဖြစ်သွားတယ်
အချစ်ကို ခံယူထားတဲ့ ရပ်တည်ချက်ခြင်းမတူတဲ့ ငါတို.နှစ်ယောက်
ကမ်းနှစ်ဖက် ဘက်မှာ ရပ်တည်နေပေမယ့် မင်းဘေးနားက
ဖေးမပေးနေတဲ့ ရင်ခွင်တချို.ရှိတဲ့ အတွက် ငါကျေနပ်တယ်
တခါတလေ ချစ်သူကိုစောင့်စည်းဖို.ထားတဲ့ စည်းအချို.ဟာ
သူမသူငယ်ချင်းတွေရဲ. လွဲနေတဲ့အထင်တွေဖြစ်သွားတဲ့အခါ
ငါ့မာနအပိုင်း အစလေးတောင် ……………………………………….
သံယောဇဉ်ဆိုတဲ့ ပင်စည်ကြီးအောက်မှာ သတိရခြင်းနဲ. လွမ်းဆွတ်ခြင်း
အကိုင်းအခတ်တွေ ပွင့်ဝေနေလောက်ရောပေါ့
ငါမပါ တဲ့ ငါဈာပနာမှာ ချစ်သူ သူချစ်တဲ့ကောင်လေးနဲ.လာရင်တောင်
အခေါင်းထက်အိပ်စက်ရင်း ပြုံးနေပါ့မယ်………………………………………

In: ကဗျာ Posted By: Date: May 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment