Professional Authors

သုံညတကောင်ရဲ.လက်ခုပ်ထဲကလမင်း

ကိုယ်ဒဏ်ရာကိုယ်ထွင်း အချစ်စစ်ခင်းတဲ့တိုက်ပွဲဆီ
ကိုယ်ကိုယ်ကိုယ်သုတ်သင်ဖို. သံယောဇဉ်ဓါးတချောင်းနဲ.
မင်းရှိတဲ့အရပ်ဆီ ခရီးဆက်ခဲ့ပြီ ကောင်မလေး
မတူညီတဲ့ အသိုင်းဝိုင်းနှစ်ခုရဲ.ကြား
ငါ့ရင်ဘတ်ကို မျက်ကွယ်ပြု
မင်းအတွက်ကောင်းမူတွေပဲပြုချင်ခဲ့တာပါ
ဘာတွေဖြစ်လာမှာလဲ ဘာတွေဆက်လုပ်ရမှာလဲ
ရေရာမူမရှိသေးတဲ့ ငါမာတိကာထဲမှာ မင်းနာမည်မရေးထိုးသေးတာ
နေရောင်ထဲက ငါ့ဘ၀ထဲကို ဆွဲမခေါ်ချင်လို.ပါ ကောင်မလေး
ငါ့သမိုင်းကြောင်းက မကောင်းခဲ့ဖူးလေ
မတော်တပြုတ်ကျခဲဖူးတဲ့ ကို ဆိုတဲ့နာမည်လေးတခုကတော့
ငါ့ထွက်သက် ၀င်သက်တိုင်းရဲ. မျှော်လင့်ခြင်းအလင်းလေးပေါ့

In: ကဗျာ Posted By: Date: May 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment