Professional Authors

ချစ်သောဆုလေး

တနေ့တရက်မှမေ့မရခဲ့ပါ
လွမ်းတယ်လို့လဲမဆိုသာ
နင်နဲ့လည်း
ချစ်သူမဟုတ်တော့ဘူးဆိုတော့
ဝေးသထက်ဝေးရင်
ဆွေးသထက်ဆွေးရုံပေါ့
ဝေးပြီလား ဒီတသက်
ချစ်ရေ မိုးရေစက်တွေလည်း
ကိုယ်မျက်ဝန်းမှာ ရွှဲနေပြီ
တိတ်ချင်လှပါပြီလေ
ငါနေ့ရက်တွေ
မိုးရေတွေစိုစွက်လို့
နှုတ်ခမ်းတွေ ရဲနေပါသေးတယ်
နမ်းခွင့်များ ရှိသေးရင်
တခါလောက်တော့နမ်းချင်ပါရဲ့
ချစ်သောဆုလေးရယ်
ကိုယ်ရင်ကနွေးနေပါသေးတယ်
နင်ထွက်သွားတုန်းကအတိုင်းပါရှိပါသေးတယ်လေ………

In: ကဗျာ Posted By: Date: May 21, 2011
Comment #1

Really?

commentinfo By: ei lay at Dec 24, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment