Professional Authors

ခဏလေး – နရီထက်

ဟိုင်းဝေးလမ်းမမှာ…
အဝေးပြေးကားတစ်စီး ပြေးဖြတ်သွားတယ်
နောက်ကားတစ်စီးနှင့် လက်ပြ နှုတ်ဆက်နေကြတယ်

သဘောင်္တစ်စီး မီးပြတိုက်ကို ရှာနေတဲ့အခါ
နေ့ခင်းဘက်မှာ လှိုင်းထန်နေသေးခဲ့တယ်

နယ်မြေသစ်တစ်ခု ခရီးဆန့်နေတဲ့အခါ
အခုနလေးတင်…  နောက်လေယာဉ်တစ်စီးက
အိမ်ပြန်ခရီးဦး ကြိုနှင့်နေကြတယ်

ရွက်ဟောင်းလေးတွေ ကြွေဖို့
ဆောင်းမြောက်ပြန်လေက ကျီစယ်နေကြတယ်
ပုရစ်ဖူးလေးတွေ နွေဦးကတည်းက
မိုးကို မျှော်လင့်မနေတော့ဘူး…

အိမ်ပေါက်ဝက သားပြန်အလာ
မျှော်နေလင့်နေတဲ့ အမေ…
အခုတော့လည်း သားတစ်ယောက်
ခရီးဦး ရောက်မဆိုက် အမေ့အုတ်ဂူလေးဆီ
အပြေးလာခဲ့ရပြီး….။      ။

နရီထက်
( ၁၉ ၊ မေလ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: May 19, 2011
Comment #1

အားပေးသွားပါတယ်
အိမ်ပေါက်ဝက သားပြန်အလာ
မျှော်နေလင့်နေတဲ့ အမေ…
အခုတော့လည်း သားတစ်ယောက်
ခရီးဦး ရောက်မဆိုက် အမေ့အုတ်ဂူလေးဆီ
အပြေးလာခဲ့ရပြီး…
တကယ်လား
ခံစားချက်ပါတယ်

commentinfo By: genius.jinx28 at May 19, 2011
Comment #2

ဟုတ်ပါတယ်…

commentinfo By: Nayihtet at May 19, 2011
Comment #3

ဒီလိုပေါ့၇ှင်.. ဆန္ဒတွေအတွက် ကိုယ်က အသက်ရှင်နေသေးတာပဲ…အားပေးတယ် … FIGHTING ! ! ! ! ! -:)

commentinfo By: pannei at May 19, 2011
Comment #4

အိမ်ပေါက်ဝက သားပြန်အလာ
မျှော်နေလင့်နေတဲ့ အမေ…
အခုတော့လည်း သားတစ်ယောက်
ခရီးဦး ရောက်မဆိုက် အမေ့အုတ်ဂူလေးဆီ
အပြေးလာခဲ့ရပြီး ။အဲစာကြောင်းလေးက တော်တော် ခံစားချက်ပါတယ် အကုန်လုံးကြိုက်တယ်
Download: http://www.ieType.com/f.php?FZCrBM

commentinfo By: thuya at May 23, 2011
Comment #5

ဟိုင်းဝေးလမ်းမမှာ…
အဝေးပြေးကားတစ်စီး ပြေးဖြတ်သွားတယ်
နောက်ကားတစ်စီးနှင့် လက်ပြ နှုတ်ဆက်နေကြတယ် အဲစားကြောင်းလေးတွေလည်းတော်တော်ကောင်းတယ်.ကိုကြိး

commentinfo By: thuya at May 23, 2011
Comment #6

ထပ်တူထပ်မျှခံစားရပါတယ်အကိုကြီးးးးးးးးးးးးးအမြဲတမ်းအားပေးနေပါတယ်

commentinfo By: myintmo at May 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment