Professional Authors

မောင် ……မပြောခဲ့ဘူး…..။

” ငိုပါ” လို့ မောင် မပြောခဲ့ဘူး….။
မောင့်ကို ဆုံးရှုံးလိုက်ရပြီဆိုတဲ့ စိတ္တဇ နဲ့
ဆွေးဆွေး မြည့်မြည့် ကျွန်မ ငိုကြွေးမိတယ်….။

“ခံစားပါ ” လို့ မောင်မပြောခဲ့ဘူး….။
မောင်နဲ့ ဝေးကွာရခြင်း အဖြစ်တစ်ခုကြောင့်
နေ့မှန်း ညမှန်း မသိ
တသသ နဲ့ ကျွန်မ ခံစားနေမိတယ်…..။

“အသည်းကွဲ ခံပါ” လို့ မောင် မပြောခဲ့ဘူး….။
အချစ်ဆုံးနဲ့ လွဲ ခဲ့ရခြင်းဘဝ
စိတ်မချမ်းမြေ့ရခြင်းများစွာနဲ့
မောင့် အတွက်ကြောင့် ကျွန်မ အသည်းကွဲခဲ့တယ်….။

“ဆက်ချစ်နေပါ” လို့ မောင် မပြောခဲ့ဘူး….။
မောင့်အကြောင်း ဦးနှောက်တွေထဲရောက်မှ
ကျေနပ်နေမိတဲ့ ရှင်သန်ရခြင်းတွေ အတွက်
မောင့်ကို ဆက်လက်ပြီးတော့လည်း ချစ်နေတယ်….။

မောင်…မပြောခဲ့ဘူး
“အရာရာဟာ မောင့်အတွက် ဖြစ်နေပါစေ” လို့
ဒါပေမယ့်
ခုန်နေဆဲ ဖြစ်တဲ့ နှလုံးခုန်သံတွေ
မရပ်တန့်သရွေ့……ကျွန်မ အလိုရှိ အရာအားလုံးဟာ….
မောင့်နှလုံးသားတစ်ခုတည်းနဲ့ ပြီးပြည့်စုံခဲ့တယ်….။

အလွမ်း….(18.5.2011)

In: ကဗျာ Posted By: Date: May 18, 2011
Comment #1

“မောင်…မပြောခဲ့ဘူး
“အရာရာဟာ မောင့်အတွက် ဖြစ်နေပါစေ” လို့
ဒါပေမယ့်
ခုန်နေဆဲ ဖြစ်တဲ့ နှလုံးခုန်သံတွေ
မရပ်တန့်သရွေ့……ကျွန်မ အလိုရှိ အရာအားလုံးဟာ….
မောင့်နှလုံးသားတစ်ခုတည်းနဲ့ ပြီးပြည့်စုံခဲ့တယ်….။”
အရမ်းကြိုက်တယ်ဗျာ…..အလွမ်း ကဗျာတွေက ထိလွန်းတယ်
တော်တော်ချစ်တတ်တာပဲ…..!!!!!

commentinfo By: မြင့်မိုရ် at Jun 13, 2011
Comment #2

ချစ် စရာကောင်းတဲ့ ..ပုံစံလေး

commentinfo By: sweety at Jun 27, 2011
Comment #3

မောင်…မပြောခဲ့ဘူး
“အရာရာဟာ မောင့်အတွက် ဖြစ်နေပါစေ” လို့
ဒါပေမယ့်
ခုန်နေဆဲ ဖြစ်တဲ့ နှလုံးခုန်သံတွေ
မရပ်တန့်သရွေ့……ကျွန်မ အလိုရှိ အရာအားလုံးဟာ….
မောင့်နှလုံးသားတစ်ခုတည်းနဲ့ ပြီးပြည့်စုံခဲ့တယ်….။

commentinfo By: အသဲကွဲမိုး at Jul 17, 2011
Comment #4

ကြိုက်တယ်…………လွမ်း ကဗျာလေးတွေ…….မောင်ရဲ့ လွမ်းများလားမသိဘူးကွာ.။။

commentinfo By: sai kham naung at Jul 31, 2011
Comment #5

အရမ်းကြိုက်ပါတယ် ..တိုင်ဆိုင်တာတွေများလို့ပိုပြီါ်နှစ်သက်ရပါတယ်

commentinfo By: han paing at Aug 19, 2011
Comment #6

“ဆက်ချစ်နေပါ” လို့ မောင် မပြောခဲ့ဘူး….။
မောင့်အကြောင်း ဦးနှောက်တွေထဲရောက်မှ
ကျေနပ်နေမိတဲ့ ရှင်သန်ရခြင်းတွေ အတွက်
မောင့်ကို ဆက်လက်ပြီးတော့လည်း ချစ်နေတယ်….။

မောင်…မပြောခဲ့ဘူး
“အရာရာဟာ မောင့်အတွက် ဖြစ်နေပါစေ” လို့
ဒါပေမယ့်
ခုန်နေဆဲ ဖြစ်တဲ့ နှလုံးခုန်သံတွေ
မရပ်တန့်သရွေ့……ကျွန်မ အလိုရှိ အရာအားလုံးဟာ….
မောင့်နှလုံးသားတစ်ခုတည်းနဲ့ ပြီးပြည့်စုံခဲ့တယ်….။

ဒီကဗျာဖတ်မိရင်..
အလွမ်းရဲ့ မောင်ကတော့ တော်တော်နောင်တရမှာပဲ
သိပ်ကိုကောင်းတဲ့ ကဗျာလေးပါ……………

commentinfo By: sharon myorr myor at Sep 27, 2011
Comment #7

ခုန်နေဆဲ ဖြစ်တဲ့ နှလုံးခုန်သံတွေ
မရပ်တန့်သရွေ့……ကျွန်မ အလိုရှိ အရာအားလုံးဟာ….
မောင့်နှလုံးသားတစ်ခုတည်းနဲ့ ပြီးပြည့်စုံခဲ့တယ်….။

commentinfo By: မေပျို at May 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment