Professional Authors

သစ္စာသည်သာ အလှတရား (ဒေါင်းနွယ်ဆွေ)

ငါသေတဲ့အခါ
ဘာအမွေများ ထားခဲ့ရပ
အို … လောက တဝှမ်းလုံး
အချောအလှအဆန်းဆုံး
သဘောဓမ္မလွှမ်းဖုံး
မနောမယပန်းကုံးတွေကို
တေးဖွဲ့ကာ ကဗျာတွေသီလို့
အသည်းလွှာမြေမဟီဝယ်
အုတ်ဂူလုပ်ကာ မြုပ်ခဲ့မည်ပ။

ဒေါင်းနွယ်ဆွေ

ဒီကဗျာလေးက ဆရာ ဒေါင်းနွယ်ဆွေရဲ့ နောက်ဆုံးကဗျာလေးတဲ့။

Comment #1

သစ္စာသည်သာ လောကရဲ့အလှတစ်ပါးပါပဲရှင်…

commentinfo By: မှုံရွှေရည် at Jul 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment