Professional Authors

တနေ့ နေ့  . . . တော့

တနေ့နေ့တော့
သှူုနှုတ်ခမ်းလခြမ်းကွေးလေးထက်က
သူ့အပြုံးလေးတွေ . .
တခါပြန်. . ငေး ခွင့် ရ။

တနေ့နေ့တော့
သူ့အပြုံးတွေထဲက. .အမုန်းတွေဖယ်ခွာလို့
သူ့အနမ်းတွေ . .
တခါပြန်. . တွေး ခွင့် ရ။

တနေ့နေ့တော့
သူ့အနမ်းတွေနဲ့ လက်ကမ်း
သူ နဲ့ အတူဆိုတဲ့ အိပ်မက်များစွာ မှန်း ခွင့် ရ။

တနေ့နေ့တော့
သူနဲ့အတူအိပ်မက်များမှ အနာဂတ်လမ်းတွေလှမ်း
ဘ၀လမ်း အတူဖြတ်လို့
ရာသက်ပန်ချစ်အနမ်းတွေနဲ့
သူ့နှုတ်ခမ်းတွေ ပန်း ပွင့် စေ။

တနေ့နေ့တော့
သူ့အတွက် အလွမ်းတွေ တနင့်တပိုးထမ်း
ရင်ခွင်ထဲ အဆိပ်သင့်အနမ်းတချို့နဲ့
သူ ပြန်လှမ်းလာဖို့ ဆုတောင်းတို့ ပြည့်စုံ
လက်ချင်းတွဲ အစွဲအလမ်းတွေထဲ
ထာဝရခိုင်မြဲသွားမယ့် အလွမ်းတို့နဲ့
ကမ္ဘာပျက်တဲ့ထိ အနမ်းတွေ ဆက်
သူ့အပါးခစားခွင့်တို့ မူပိုင်ရ လို့
သူ့ကို . . .တဘ၀စာ သိမ်းပိုက် ခွင့်ရပါရစေ။

ကျွန်မရင်ခွင်ထဲက. .
အိပ်မက်အလွမ်းတို့
အနာဂတ်မှန်းနိုင်စေဖို့
သေချာစွာ . . သူ ပြန် လာမှာ ပါ
တ နေ့ နေ့ ပေါ့
(ကျွန်မ ယုံကြည်နေပါရစေ မောင်ရယ်)

In: ကဗျာ Posted By: Date: May 15, 2011
Comment #1

မမိုး အားပေးသွားပါတယ်။
တစ်နေ့.. နေ့ဆိုတာ ၇ှိလာနိုင်ပါတယ်…ဗျာ

commentinfo By: poem.poem28 at May 15, 2011
Comment #2

အစ်မ အစ်မကဗျာကိုအခုမှဖတ်တာပါ
ကောင်းတယ်အစ်မ
အောက်ဆုံးကစာကြောင်းလေးကိုမခြစ်ထားလိုက်နဲ့လေ
တော်ကြာဟိုအစ်ကိုကစိတ်ဆိုးသွားအုန်းမယ်

commentinfo By: arkarsoe at May 15, 2011
Comment #3

…………………………………………
သူ…………ြ ပန် မ လာ ပါ ဘူး ………..
……………………………………….
ဘယ်တော့မှ…………………………
………
အားပေးတဲ့ မောင်နှမ များအားလုံးကျေးဇူးပါ
(ကျွန်မ ကဗျာတွေ မျက်ရည် ကူတတ်လာအောင် သင်ပေးခဲ့တဲ့ (တချိန်က)မောင့်(NM)ကို လည်းကျေးဇူးတင်ပါတယ်)

commentinfo By: အသဲကွဲမိုး at May 15, 2011
Comment #4

မိုး.. မတွေ့ရတာတောင် ကြာပြီ.. သတိတရ ရှိနေပါတယ်..

တနေ့နေ့တော့
သူ့နှုတ်ခမ်းလခြမ်းကွေးလေးထက်က
သူ့အပြုံးလေးတွေ . .
တခါပြန်. . ငေး ခွင့် ရ။

commentinfo By: ဖြိုးဖြိုး at May 16, 2011
Comment #5

ကဗျာလေးအရမ်းလှတယ်….ကြိုက်တယ်…အားပေးနေလျက်ပါ…

commentinfo By: terry at May 16, 2011
Comment #6

တနေ့နေ့တော့
သူနဲ့အတူအိပ်မက်များမှ အနာဂတ်လမ်းတွေလှမ်း
ဘ၀လမ်း အတူဖြတ်လို့
ရာသက်ပန်ချစ်အနမ်းတွေနဲ့
သူ့နှုတ်ခမ်းတွေ ပန်း ပွင့် စေ။…..
so touching….!

commentinfo By: အလွမ်း at May 16, 2011
Comment #7

တနေ့နေ့တော့
သူနဲ့အတူအိပ်မက်များမှ အနာဂတ်လမ်းတွေလှမ်း
ဘ၀လမ်း အတူဖြတ်လို့
ရာသက်ပန်ချစ်အနမ်းတွေနဲ့
သူ့နှုတ်ခမ်းတွေ ပန်း ပွင့် စေ။

အရမ်းကောင်းပါတယ် နော် အဲ့ အပိုဒ်လေး
တစ်နေ.နေ. ပြန်ဆုံနိုင်ဖို.လည်း ဆုတောင်းပေးပါတယ် နော

commentinfo By: wxad at May 16, 2011
Comment #8

တနေ့နေ့တော့
သူ့အတွက် အလွမ်းတွေ တနင့်တပိုးထမ်း
ရင်ခွင်ထဲ အဆိပ်သင့်အနမ်းတချို့နဲ့
သူ ပြန်လှမ်းလာဖို့ ဆုတောင်းတို့ ပြည့်စုံ
လက်ချင်းတွဲ အစွဲအလမ်းတွေထဲ
ထာဝရခိုင်မြဲသွားမယ့် အလွမ်းတို့နဲ့
ကမ္ဘာပျက်တဲ့ထိ အနမ်းတွေ ဆက်
သူ့အပါးခစားခွင့်တို့ မူပိုင်ရ လို့
သူ့ကို . . .တဘ၀စာ သိမ်းပိုက် ခွင့်ရပါရစေ။
အရမ်းကောင်းတာပဲ…..မိုးရယ်….ကဗျာလေးဖတ်ပြီး စိတ်မကောင်းဘူး….။ ။

commentinfo By: ကေသရီ at May 17, 2011
Comment #9

ကျေးဇူးအများကြီးတင်ပါတယ်
အားပေးတဲ့မောင်နှမများအားလုံး …..။ 🙂

commentinfo By: အသဲကွဲမိုး at May 25, 2011
Comment #10

ကျွန်မရင်ခွင်ထဲက. .
အိပ်မက်အလွမ်းတို့
အနာဂတ်မှန်းနိုင်စေဖို့
သေချာစွာ . . သူ ပြန် လာမှာ ပါ
တ နေ့ နေ့ ပေါ့..။
ကျွန်တော်တောင် ငိုချင်လာတယ် မမ ရယ်..
ကဗျာဖတ်ရင်းနဲ့တောင်တော်တော်ခံစားရတယ်။

Comment #11

မောင်လေး…အမ ကဗျာတွေအားပေးလို့ကျေးဇူးတင်ပါတယ်

commentinfo By: အသဲကွဲမိုး at Sep 27, 2011
Comment #12

:'(
:'(

commentinfo By: ei lay at Jul 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment