Professional Authors

ဇာ

လေးကိုင်းသဏ္ဌာန်လို
ကွေးညွှတ်နေတဲ့ နှုတ်ခမ်းမှာ
လေးကြိုးတွေ တင်းမထားပါနဲ့
မိုးတွေပြိုမှာ ကြောက်လို့ပါ…

သားကောင်တစ်ကောင်အတွက်
ပစ်လွှတ်ထားတဲ့ မုဆိုးရဲ့အကြည့်တွေ
မင်းမျက်ဝန်းမှာမထားပါနဲ့
ရက်စက်မှာကို ကြောက်လို့ပါ…

မင်းရဲ့အပြုံးတွေနဲ့မှ
ပွင့်လန်းမယ့် ငါ့အချစ်က
နေကြာခင်းထဲက ပန်းတစ်ပွင့်သာသာပါပဲ

ချစ်သူရေ..
နေရောင်တွေ မြင်တွေ့ပါရစေ…။    ။

စက်တင်ဘာလ ၊ ၁၉၉၉

In: ကဗျာ Posted By: Date: May 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment