Professional Authors

၁၉ ဂျူလိုင်

အလံတိုင်တစ်ဝက်မှာ
လူတွေငြိမ်သက်နေကြ
ရင်ထဲကဗလောင်ဆူမှုတွေ
ခံစားချက်လွန်ပေါက်ကွဲမှုတွေကို
အသံတိတ် တိုင်တည်နေကြခဲ့ထင်..

ဒီနေ့တော့ ဒို့မမေ့ဘူးထင်ရဲ့

သားမြေးတွေတော့
လွမ်းတတ်အောင်သင်ထားဟေ့

လွမ်းသူ့ပန်းခွေနဲ့ မျက်ရည်တစ်စက်
ခံစားမှုနဲ့ တာဝန်သိတတ်မှု
သူတို့ကို ရွေးချယ်ခိုင်းရင်

အနှိုင်းမဲ့ကိုးဦး
တာဝန်သိတတ်မှုနဲ့ မျက်ရည်တစ်စက်
ဒို့လက်ထဲ ပြည်ထောင်စုအမွေဖြင့်
ပေးချင့်မယ်ထင်ရဲ့..။    ။

ဇူလိုင် ၁၉ ၊ ၂၀၀၂

In: ကဗျာ Posted By: Date: May 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment