Professional Authors

ညဈေးပွဲခင်းနဲ့ ငါ

အချစ်တွေ
ရေတွင်းတစ်လုံးနဲ့
ခပ်သုံးလို့မကုန်သူတွေရဲ့ည
အသွေးအသားကို
ဈေးအနည်းအများ ညှိပြီး
ရောင်းဝယ်နေကြတယ်။

လေပြေလေအေးတွေနဲ့
အထပ်မြင့်အလွှာတွေတောင်
ညှီဟောက်ချွဲငန်း
ငရဲခန်းအလားပါပဲ။

တကယ်တော့
လေကောင်းလေသန့်
ရှူမယ်ဆိုပြီးတက်သွားတဲ့ ငါ
ရာဂအခိုးအငွေ့တွေနဲ့
ဖိသိပ်ပုံသွင်းထားတဲ့
ဒြပ်ထုတစ်ခုလို မွန်းကြပ်
အထပ်မြင့်တွေက
ခုန်ချလိုက်တော့မှပဲ
ရာဂပုံဆောင်ခဲတွေ အက်ကွဲ
ဖရိုဖရဲနဲ့
အရင်က ငါ ကို ပြန်ရခဲ့တယ်။    ။

သြဂုတ် ၂၆၊ ၂၀၀၀ အမှတ်တရ

In: ကဗျာ Posted By: Date: May 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment