Professional Authors

ပုသိမ်သူလေး သို့လွမ်း ချင်း (2008 ခုနှစ်အလွမ်း)

ချစ်သောပုသိမ်သူ

အတွေးတွေမှာ ဆွေးပူပြီး…

နေ့နေ့ညည သတိရနေတာ

သိစေချင်တယ်ကွာ……

 

ချစ်သောပုသိမ်သူ

ရပ်ဝေးမြေခြားလို့အနေ အစားတွေကွဲပြားပေမယ့်

ဇာတိမြေသား တွေလိုချစ်လို့မရတာတော့

ကိုလွန်နေသလားမသိဘူးနော်…….

 

ချစ်သောပုသိမ်သူ

ကိုရောက်နေတဲ့ ဒီအရပ်မှာ

အသားဖြူစပ် တရုတ်ဆက်တွေ ဘယ်လောက်ချောချော

ကိုသဘောမတွေဘူး…………..

သနတ်ခါး နံ့သာယံလို့

စက်ဘီးလေး အသာအမြန်စီးတတ်တဲ့

သာယာသော ပုသိမ်မြို့မှ 

ညိုချော အချစ်ညီမကို ကို ပဲ ထပ်တိုးသတိရမိတယ်ကွယ်…………

 

ချစ်သောပုသိမ်သူ

ကိုလာရင်မညိုငြင်ပဲ…

တက္ကသီလာ အေးရိပ်ဖြာနဲ့

ကန်သုံးဆင့်နားအတူသွားရအောင်………………

 

ချစ်သောပုသိမ်သူ

ကိုလေရပ်ခြားက ဘုရာပုထိုးနားရောက်ခဲ့ရင်တောင်

မင်းနဲ့အတူသွားခဲ့တဲ့

ရွှေမုဌော ဘုရားပေါ်ကနေ့ကိုသတိရတယ်ကွယ်……………

 

ချစ်သောပုသိမ်သူ

လွမ်းမိတာစာစီကုန်းလို့

စုဘူး ကျောက်သင်ပုန်းကြီးကွဲတော့မယ်

အခန့် သင့်လို့လမ်းပွင့်ပြီး

ကို့အလွမ်းသင့်ကဗျာလေးဖတ်ဖြစ်တယ်ဆိုရင်

ကဗျာထဲ မပါတဲ့ ရင်ဘက်ထဲက

အလွမ်းတွေကို Email နဲ့ပို့ရအောင်

ပုသိမ်သူရေ

ချစ်ရဲ့ mail adress လေးပေးခဲ့နော်……

   ပုသိမ်သူကိုအရမ်းချစ်တဲ့

    ကိုကို ပုသိမ်သား

      ( ခေတ္တရန်ကုန)်

In: ကဗျာ Posted By: Date: May 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment