Professional Authors

အစွန့်ပစ်ခံ

 

ငါ့ဘ၀ အရင်က စေလိုရာစေ… နေချင်ရာနေခဲ့တယ်….

မင်းနဲ့တွေ့ပြီး ရင်းနှီးခဲ့တဲ့ နေ့ကစ

ငါ့ဘ၀ ငါမပိုင် မင်းသားချုပ်ကိုင်ခဲ့

မင်းငါ့ကို အချောသတ် ကျောသပ်ခဲ့….

မင်းငါ့ကိုကော်ပတ်တိုက် သံရိုက်ပြီးကြိုးနဲ့ခြည်…

ငါ့လက်ခြေတွေတောင် မင်းခိုင်းတဲ့အတိုင်း….

သေချာတာ ငါရရှိတဲ့ဘ၀က အလိုမကျတဲ့ရုပ်သေး…..

တဖြည်းဖြည်းနဲ့ မင်းစေရာနောက် ငါတစ်ကောက်ကောက်လိုက်ခဲ့…….

အခု မင်းကအဝေး ငါ့မှာဆွေးပေါ့….

မင်းကတစ်ခြားနေရာမှာ ပျော်…

ငါ့မှာတော့ တစ်ကိုယ်တော်… မျက်ရည်ကျဖို့တောင် မျက်ခွံတွေလှုပ်မရ…

ငါ့ဘ၀တစ်ကယ်ဆိုး … ရုပ်သေးဘ၀မျိုးမင်းထားခဲ့တာ….

ကြားရာအရပ်က ငါ့ကိုသနားပါတော့ကွာ……………….

In: ကဗျာ Posted By: Date: May 14, 2011
Comment #1

အရမ်းကောင်းတယ်….။

commentinfo By: အောင်ရဲသူ at Jul 5, 2011
Comment #2

ကြားနိုင်ပါစေရှင်

commentinfo By: maypyo22889 at Nov 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment