Professional Authors

မှတ်တိုင် ၁၆

ခပ်ကြမ်းကြမ်းခပ်ရမ်းရမ်း
လေပြည်တစ်ခြမ်းကို
ဆွဲဖမ်းခဲ့ဖူးမယ်

လောကဟန်ချက်တွေကြားထဲ
တ၀ဲဝဲတလည်လည်နှင့်
ခပ်ကျယ်ကျယ်ဧရိယာမှာ
ပျံကာသန်းကာနေကြကုန်သော
ဝေါခနဲဝေါခနဲမြည်သံများဟာ
ဒေါသဗေဒနဲ့မှားခဲ့ရပြီ

ငယ်သံပါအောင်ဝင်ခဲ့သော
နေမင်း၏အောက်
ရောင်ခြည်ဦးတို့
ကားယားကလေးသေဆုံးသွားရ
(ငွေကြယ်တွေအတွက်နေရာပေးရင်းနဲ့ပေါ့)

ညလှလှကြားမှာ
ကဗျာတစ်ပုဒ်ကိုအသက်သွင်း
ထမင်းဆာရင်တောင်
ရေးလက်စကဗျာကိုပဲ
မီးသင်္ဂြီုလ်ရဦးမယ်

တစ်တိုင်ပြီးတစ်တိုင်ဖြတ်သန်းခဲ့
၁၆တိုင်တင်းတင်းကျော်ခဲ့ဖူးပြီ
ငါဟာဘ၀မှာ
တံလျှပ့်နဲ့ဒြပ်ထုကိုမှားခဲ့ဖူးတယ်
တစ်ခုတော့ရှိမယ်
ကိုယ်တိုင်ဘယ်တော့မှ
ကွန်နက်ရှင်မကျဖူးဘူး

အဖြူအစိမ်းဘ၀ကိုလည်းလွမ်းတယ်
လေးထောင့်စပ်စပ်ကြီးထဲမှာ
တွေးရင်းတွေးရင်း
ကောင်းကင်ကြီးကို
မီးရောင်ဟောင်ဖွာဟောင်ဖွာနဲ့
သာသာကလေး
စကားတွေပြောနေမိတယ်

မီးတစ်မှုတ်စာအလင်းရောင်နဲ့
ပိုးစုန်းကြူးတောင်ကိုယ့်ကိုဆုံးမသွားတယ်
ကိုယ်ပိုင်အလင်းရောင်နဲ့
လောကကိုတတ်နိုင်သမျှ
ထွန်းလင်းပေးပါ

အင်း..
ဒိုင်အောဂျီးနီးစ်ရှာပုံမျိုးနဲ့
ရိုးသားမှုကိုလိုက်ရှာနေလို့မဖြစ်
ရောမမြို့ ပြာကျသွားတာတောင်
သူရှာတွေ့မှာမဟုတ်ဘူး
                                       မိုးသစ်လေပြည်

In: ကဗျာ Posted By: Date: May 14, 2011
Comment #1

အဖြူအစိမ်းဘ၀ကိုလည်းလွမ်းတယ်
လေးထောင့်စပ်စပ်ကြီးထဲမှာ
တွေးရင်းတွေးရင်း
ကောင်းကင်ကြီးကို
မီးရောင်ဟောင်ဖွာဟောင်ဖွာနဲ့
သာသာကလေး
စကားတွေပြောနေမိတယ်
…………….
တကယ်ဗျာ..ခင်ဗျား..ရေးတတ်တယ်

commentinfo By: အသဲကွဲမိုး at Mar 13, 2012
Comment #2

arr pay twar par d,

commentinfo By: ei lay at Mar 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment