Professional Authors

်ကန့် သတ်နယ်မြေ (terry)

တားထားပါတယ်လို့ 
ဆိုတဲ့ကြားထဲကပဲ
ဇွတ်သွားခဲ့တာ
ငါမှားလားပြော……။
အခွင့်အရေးတွေ
မရှိတော့သူတစ်ယောက်အတွက်
မျှော်လင့်ခြင်းက
နောက်ဆုံးကျည်ဆံပဲ……..။

ကျူးကျော်ဝင်ရောက်သူအဖြစ်နဲ့ 
သတ်ချင်သပဆိုရင်လည်း
သတ်ပါ………………..။
ဒါပေမယ့်…
လွမ်းမိရင်ကောက်ကြည့်ဖို့ 
ငါ့နှလုံးသားကိုတော့
ခေါင်းအုံးနားထားအိပ်ပါ။

တကယ်မလိုအပ်တာ
သေချာသွားရင်တော့
ပြောပါ…………
ရှိရှိသမျှသံယောဇဉ်နဲ့ 
ပေးဆပ်ခဲ့ခြင်းအားလုံး
အနက်ရှိုင်းဆုံးနေရာမှာ
နှုတ်ပိတ်ပစ်လိုက်မယ်….
ငါ့ကိုယ်ပိုင်
အမှတ်တရဖြစ်တဲ့
သတိရခြင်းကလွဲလို့ ပေါ့။

အခြားတစ်ယောက်အတွက်
မဖြစ်မနေစွန့် လွှတ်ရမယ်ဆိုရင်
ပြောပါ…………………..။
ဘာသာစကားမတတ်တဲ့
မျက်ဝန်းမှာ…….
ပျော်ရွှင်ခြင်းတွေလင်းနေရင်ကို
အမုန်းဆိုတဲ့ပုဒ်စာ
ငါ့မေးခွန်းထဲကထုတ်ထားပါတယ်။

ရာသီတွေလွဲနေလို့ 
မလာနိုင်သေးရင်လည်း
ရတယ်…………….။
အိပ်မက်ကနိုးမယ့်အချိန်ကိုသာ
ပြောပါ………………
ငါဆိုတာ……..
နွေမကုန်ခင်ကတည်းက
ပွင့်ချင်နေတဲ့ကောင်ပါ။

                                          terry(13.5.2011)12:15am

In: ကဗျာ Posted By: Date: May 13, 2011
Comment #1

ရာသီတွေလွဲနေလို့ 
မလာနိုင်သေးရင်လည်း
ရတယ်…………….။
အိပ်မက်ကနိုးမယ့်အချိန်ကိုသာ
ပြောပါ………………
ငါဆိုတာ……..
နွေမကုန်ခင်ကတည်းက
ပွင့်ချင်နေတဲ့ကောင်ပါ။

commentinfo By: rabbit at May 13, 2011
Comment #2

ရာသီတွေလွဲနေလို့ 
မလာနိုင်သေးရင်လည်း
ရတယ်…………….။
အိပ်မက်ကနိုးမယ့်အချိန်ကိုသာ
ပြောပါ………………
ငါဆိုတာ……..
နွေမကုန်ခင်ကတည်းက
ပွင့်ချင်နေတဲ့ကောင်ပါ။

commentinfo By: အသဲကွဲမိုး at May 15, 2011
Comment #3

ပေးဆပ်ခဲ့ခြင်းအားလုံး
အနက်ရှိုင်းဆုံးနေရာမှာ
နှုတ်ပိတ်ပစ်လိုက်မယ်….
ငါ့ကိုယ်ပိုင်
အမှတ်တရဖြစ်တဲ့
သတိရခြင်းကလွဲလို့ ပေါ့။

commentinfo By: poem.jinx28 at May 23, 2011
Comment #4

ပေးဆပ်ခဲ့ခြင်းအားလုံး
အနက်ရှိုင်းဆုံးနေရာမှာ
နှုတ်ပိတ်ပစ်လိုက်မယ်….
ငါ့ကိုယ်ပိုင်
အမှတ်တရဖြစ်တဲ့
သတိရခြင်းကလွဲလို့ ပေါ့။
အ၇မ်းကောင်းပါတယ်ဗျာ…အားပေးသွားတယ်

commentinfo By: poem.jinx28 at May 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment