Professional Authors

စင်သီယာ (၅) – သျှပ်မှူးကျော် (ထူးအိမ်သင်)

မင်းကို ငါချစ်တယ်
ရာစုနှစ်ပေါင်များစွာမှာ
လူတွေဒါပဲ ပြောကြတယ်
ငါ့အတွက်စကား (၅) လုံး
မင်းအပြုံးက ဝါးမြို ခဲ့
သရော်တဲ့ နှုတ်ခမ်းတွေ
“ချွင်” “ချွင်” မြည်နေတယ်
မြေကြီးသားဘဝမှာ
အဇ္ဈတ္တိကမီးပုံကြောင့်
ငါ့ရင်အုံလူသတ်ကွင်းထဲ
သားရဲတွေအစာတောင်းပြီး
အသက်နဲ့အညီအမျှ ကျိန်ဆို
မိုးပြိုတယ် စင်သီယာ
မင်းကို ငါချစ်တယ်

သျှပ်မှူးကျော်

Comment #1

§§§§§§§
§§§§§§§
§§§§§§§

commentinfo By: ei lay at Oct 28, 2012
Comment #2

ဆရာ့ကို ကျွန်တော်ချူစ်တယ်

လေးစားလျက်

commentinfo By: နိုးဆက် နေ့ at Dec 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment