Professional Authors

သိပါစေ

မနက် အိပ်ယာထချိန်ကစ
သတိတွေ ရနေခဲ့တာ
နေ၀င်မိုးချုပ် အိပ်မက်တွေထဲတောင်
အလုပ်ရှုပ်မြဲပါ။.

ပိုတယ်ထင်ရင် သိမ်းထားပေါ့
ပြန်အမ်းဖို့တော့ မကြိုးစားနဲ့လေ
နှစ်ရှည်လများ ချစ်ခဲ့ခြင်းက
ပိုင်ရှင်ဆိုလို့ နင်ပဲရှိတာကိုး

အခြေအနေအရ ပြောတော့ပြမယ်
ငါ… သတိရတိုင်း နမ်း  နမ်း မိတာ
နင့် ဓါတ်ပုံလေး နွမ်းနေရှာပြီ နွယ်။

In: ကဗျာ Posted By: Date: May 11, 2011
Comment #1

အကို စိတ်မရှိနဲ့နော် ငါးဆယ်တန်မပါဘူးလား ကျနော့မှလည်းပြန်အမ်းစရာအကြွေမှရှိလို့ပါ ..:P

commentinfo By: ရှင်မြတ်ညို at May 17, 2011
Comment #2

နှစ်ရှည်လများ ချစ်ခဲ့ခြင်းက
ပိုင်ရှင်ဆိုလို့ နင်ပဲရှိတာကိုး

commentinfo By: MyoZin at Jul 3, 2011
Comment #3

he,,he,,
ko ka dot photo hote bu,
use as my ph wall paper.
he,,he,,
anyway,,,fool dar ka dot tu tu par be.

commentinfo By: ei lay at Aug 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment