Professional Authors

အခါလွန်မိုး

ပန်းကလေးရယ်

ချစ်ခြင်းနဲ့ မုန်းခြင်းတွေ

ရယူခြင်းနဲ့ ပေးဆပ်ခြင်းတွေရဲ့

ကန့်သတ်ခံငါ့ဘ၀ထဲကို

ညနေခင်းလေးတစ်ခုမှာ

တိုးတိတ်စွာ ၀င်ရောက်လာခဲ့တယ်နော်

 

ပန်းကလေးရယ်

မင်းရဲ့အဆင်း မင်းရဲ့သတင်းတွေက

ဒီပတ်ဝန်းကျင်ရဲ့ နှုတ်ခမ်းပါးလေးတွေထက်မှာ

နေရာယူလွန်းနေခဲ့တယ်လေ

 

ပန်းကလေးရယ်

လူတွေမင်းကို နှစ်သက်သလို

ငါလည်းနှစ်သက်ပါတယ်လေ

 

ဒါပေမယ့်

ငါ့ရဲ့အေးစက်မှု့တွေ

အားငယ်မှု့တွေ ရှုံးနိမ့်မှု့တွေကို

သူတို့တွေ ဘာသာပြန်လိုက်ကြတဲ့အခါ

မင်းသိထားတဲ့ မာနတွေအဖြစ်ပြောင်းလဲကုန်တာ

ငါကိုယ်တိုင်ကလွဲပြီး ဘယ်သူသိနိုင်မှာလဲ

 

မျက်နှာခြင်းဆိုင် အနေအထားမှာတောင်

လှည့်မကြည့်ရဲတဲ့ငါ့ကို မင်းမေ့ထားလိုက်ပါတော့

၈ရုတစိုက်ကြည့်ခဲ့ဖူးတဲ့ မျက်ဝန်းတွေကိုလည်း

ရုတ်သိမ်းလိုက်ပါတော့

မင်းသိထားသလို ငါ့ကိုထင်လိုက်ပါတော့ကွယ်

 

ပန်းကလေးရယ်

ငါဟာ မင်းကိုပြုစုယုပေးပြီး

အချိန်မရွေး ခူးဆွတ်ခွင့်ရှိတဲ့

ဥယျာဉ်မှုးတစ်ယောက်လည်းမဟုတ်ခဲ့………..

 

ကြွယ်ဝမှု့တွေနဲ့ မင်းဘ၀ကိုမြေစာဖြည့်နိုင်မယ့်

ဖန်တီးရှင် တစ်ယောက်လည်းမဟုတ်ခဲ့တဲ့

ငါဟာ…………

 

ခူးဆွတ်သူတွေ ၀ိုင်းရံနေတဲ့မင်းကို

ခပ်ဝေးဝေးကနေ တိုးတိတ်စွာလွမ်းနေရုံကလွဲလို့

ဘာများတတ်နိုင်ဦးမှာလဲ

 

အခုတော့လည်းငါဟာ

မင်းရဲ့ ဥပေက္ခာတွေကိုသိမ်းဆည်းရင်း

မင်းနဲ့ဝေးရာနေရာတစ်ခုဆီသို့

ကျောခိုင်းလာခဲ့ပါပြီ

 

တို့နှစ်ယောက်ရဲ့တွေ့ဆုံမှု့တွေက

အခါလွန်တဲ့ မိုးတွေလိုပဲလား ။  ။

In: ကဗျာ Posted By: Date: May 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment