Professional Authors
တွေးရင်းရူးသွားတဲ့ စိတ္တဇကဗျာဆရာတစ်ယောက်ရဲ့ စုတ်ချတ်များ။။။၁(မင်းလူန)
ဒသနအကြောင်းတွေထုပ်ပိုးထားတဲ့ ကဗျာတစ်ပုဒ်
အဲ့ ဒီအနောက်မှာ
အိပ်ယာဝင်နောက်ကျလို့ 
အိပ်ယာထနောက်ကျတဲ့ ကဗျာဆရာတစ်ယောက်ရဲ့ 
ဝမ်းဆာများ
ဘယ်သူသိနိုင်မှာလဲ
အူနံရံတွေခြောက်ကပ်လာတဲ့ အခါ
မိတ်ဆွေလိုလိုမိတ်ဆွေများအပြုံးကိုပဲ
စားသုံးပြီးငါ့ ဖိနပ်တွေပါးခဲ့ ရတာ
မိုးလင်းလင်းချင်းကိုမှောင်ပြခဲ့ 
ဒြပ်ဝတ္ထုဆန်တဲ့ အပိုင်းအစတွေကိုမှ
တေ့ စပ်ထားတဲ့ နှလုံးသားအက်ကွဲကြောင်းတွေမှာ
ချစ်ခြင်းလိုက်ရှာခဲ့ 
လူသားချင်းစာနာထောက်ထားမှု့ တွေလိုက်ရှာခဲ့ 
ဟစ်တလာကရက်စက်တာလား
ရက်စက်တာကဟစ်တလာဆီမှာခိုကပ်နေတာလား
ညီမျှခြင်းဟာအသွားတုံးနေတဲ့ ဓါးတစ်လက်လိုစူးရှ
ပရိဒေ၀တွေတောက်လောင်လာတဲ့ အခါ
သင်အသက်ဘယ်လောက်ရှိပြီလဲ
မချစ်မနှစ်သက်တဲ့ သူဟာမိတ်ဆွေစစ်ဖြစ်ဖို့ 
ခန္ဒီးစတရားတွေထမ်းပိုလာတက်တယ်
ကြောင်တစ်ကောင်ရဲ့ လက်သည်ဟာ
ကြွက်တစ်ကောင်အတွက်ပန်းတစ်ပွင့် ဖြစ်ချင်မှဖြစ်မယ်
မနက်ဖြန်နေမထွက်တော့ ရင်
ကျုပ်တို့ ကအဆိပ်သင့် နေတဲ့ ကမ္ဘာကြီးကို
တခုတ်တရနမ်းရှိုက်ပြီးနှုတ်ဆက်မယ်။။။။။။။။။။။။။။။
အိုစမာဘင်လာဒင်က
ထမင်းစားတဲ့ သတ္တ၀ါတစ်ကောင်လိုအသက်ရှူတယ်။။။။။။။။။။။။။
ကျုပ်ရူးနေတာဘယ်သူမှမသိခင်
ခင်ဗျားကစိတ်ရောဂါတွေမြန်မြန်ကုပြီးကျုပ်ကိုပြုစုပါ
ဒီလိုနဲ့ 
ကျုပ်တို့ ကတစ်ယောက်ကိုတစ်ယောက်သောက်ချလိုက်ကြတယ်နော်။။။။။။။။။။။။
ဒသနတွေထုပ်ပိုးထားတဲ့ ကဗျာတစ်ပုဒ်
အဲ့ ဒီနောက်မှာ
အိပ်ယာဝင်နောက်ကျလို့ 
အိပ်ယာထနောက်ကျတဲ့ ကဗျာဆရာတစ်ယောက်ရဲ့ 
ဝမ်းစာများ
                                                               မင်းလူနု
In: ကဗျာ Posted By: Date: May 9, 2011
Comment #1
အင်းစုတ်ပျက်နေတဲ့ဘ၀တွေပေါ့ဗျာ…..
လုပ်စရာတွေအများကြီးထဲမှ…
ကဗျာရေးတာကို အလုပ်လို့ ထင်မိရာက
ုစလုပ်မိရင်းက
လုပ်နေရင်းက
အလုပ်ရဲ့ ကျွန်တွေ ဖြစ်သွားလိုက်ကျများ…….
ဘယ်တက်နိုင်မလဲ ……ကိုယ်ပျော်ရာအလုပ်က ဘ၀ပဲမဟုတ်လားဗျ…..
commentinfo By: nate thit(နေ့သစ်) at May 10, 2011
Leave Comments
Name*
Email*
Website
Email me whenever there is new comment