Professional Authors

မိုးသည်းနေ့တစ်နေ့

မိုးစက်တွေအာကာယံကနေ
ဘာအငြိုးအတေးနဲ့များ
ခပ်စွာစွာခုန်ချတာလဲ
သူတို့သည်းကြီးမည်းကြီးရွာသွန်းတာက
ငါ့ရင်ထဲမှာအလွမ်းခပ်ပြိုင်းပြိုင်းတွေ
ဝုန်းဒိုင်းကြဲနေတာနဲ့
သိပ်မကွာဘူး

အော်..သည်လိုမိုးသည်းတစ်နေ့မှာ
အရာအားလုံးကဗျာဆန်နေခဲ့တယ်
သူ့ဝတ်ပုံစားပုံ
သူ့ရဲ့ ကိုယ်သင်းရနံ့လေး
သူကျွန်တော့်ကိုပြုံးပြတဲ့အပြုံးတွေ
ကျောင်းတော်ကြီးထဲကစိန်းပန်းနီတစ်ချို့ 
မိုးရေကြားထဲကသစ်ရွက်အိုများ
အို…အားလုံးပါပဲအရာအားလုံး
ကဗျာဆန်နေကြတာပါ

ကျောင်းတော်နီနီကြီးမှာ
သူ့ကိုတွေ့ခွင်ရခဲ့တာသိပ်မကြာသေးဘူး
မိုးသည်းရေခပ်ကြမ်းကြမ်းမှာ
လက်လှမ်းပြနှုတ်ဆက်ခွင့်ကို
သူမမြင်အောင်ပဲထားခဲ့ရတယ်
လျှပ်စီးတွေပြိုးပြိုးပြက်ပြက်နဲ့
ကဗျာတွေကြားမှာကျွန်တော်ငြိမ်သက်
သည်မိုးသည်းနေ့တစ်နေ့ကိုရေးမှတ်ထားမိပြီကွယ်
                                        မိုးသစ်လေပြည်

In: ကဗျာ Posted By: Date: May 6, 2011
Comment #1

ကျောင်းတော်နီနီကြီးမှာ
သူ့ကိုတွေ့ခွင်ရခဲ့တာသိပ်မကြာသေးဘူး
မိုးသည်းရေခပ်ကြမ်းကြမ်းမှာ
လက်လှမ်းပြနှုတ်ဆက်ခွင့်ကို
သူမမြင်အောင်ပဲထားခဲ့ရတယ်

commentinfo By: နှင်းဖွေးလေး at May 7, 2011
Comment #2

ကျေးဇူးပါအစ်မနှင်းဖွေး 🙂

commentinfo By: Moe Thit Lay Pyay at May 14, 2011
Comment #3

ခံစားချက်ခြင်းတူတယ်

commentinfo By: စုနိုင် at May 14, 2011
Comment #4

မိုးသည်းနေ့တစ်နေ့မှာလွမ်းဆွေးခဲ့ရတဲ့နေ့တစ်နေ့ဟာရင်မှာနက်လှိုက်ရှစားသွားခဲ့ရတယ်

commentinfo By: Moe Thit Lay Pyay at May 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment