Professional Authors

နားခိုရာ

                   နားခိုရာ

ကံကြမ္မာတမန်ရဲ့ 
ဒဏ်ခတ်ချက်တွေကြောင့်
မင်းစိတ်ဓာတ်မကျနေနဲ့ 
ကိုယ့်ရဲ့  လက်တွေကို
လှမ်းဖက်ထားနိုင်ပါစေ
ကမ်းလင့်လို့ ကြိုနေဆဲ
အေးသက်စွာလေ
မှေးစက်နေချင်တော့
ဒီရင်ခွင်ဟာ အဆင်သင့်ပဲမို့ 
ဝင်ခွင့်တောင်းစရာမလိုဘူး
နားခိုရာ မင်းအတွက် ပေးဆပ်ရရင်
ခဏဆိုလည်း
ငါ့ဘ၀ကိုပုံအပ်လို့ 
အလွမ်းညစုံ   ရင်ဆိုင်ရဲတယ်………။       ။

                                                      မင်းအိမ်

In: ကဗျာ Posted By: Date: May 5, 2011
Comment #1

နားခိုရာ မင်းအတွက် ပေးဆပ်ရရင်
ခဏဆိုလည်း
ငါ့ဘ၀ကိုပုံအပ်လို့ 
အလွမ်းညစုံ ရင်ဆိုင်ရဲတယ်………။ ။
အရမ်းကောင်းတယ်ဗျာ…..။

commentinfo By: ကေသရီ at May 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment