Professional Authors

ဗျောက်သောက်ကမ္ဘာအားကြိုးညှိကြည့်ခြင်း

                ဗျောက်သောက်ကမ္ဘာအားကြိုးညှိကြည့်ခြင်း

လက်ခုပ်တီးအားပေးနေပေမယ့်
ပွဲကြည့်သူတယောက်မဟုတ်ခဲ့ ပါ
သူ့ ကိုမြင်တိုင်းပျော်တယ်ဆို
ပျော်ချင်တိုင်း သူ့  ကိုကြည့်မိတာ
ကြောင်ဆိုကျားမဟုတ်တောင်
အဖြေမရှိမေးခွန်းတွေကိုဖြေချင်တာ
လက်တဆုပ်စာဘ၀ကို
လက်ခုပ်ထဲထည့်ပြီးမှ
ပူလို့လွှတိချလိုက်တာလား
နာရီနှိုးစက်က သတိပေးလည်း
ငါကတော့အိပ်လို့ကောင်းဆဲ
ငါ့ဘ၀ကို….
အဖေလည်းမသိပါ
အမေလည်းမသိပါ
တယောက်သောသူသာ သိနိုင်ပါစေ
အချိန်တန်ရင် ဒီလမ်းပဲလျွှောက်ရမှာ
တွေးမိလို့  ငိုချင်တယ်ပြောလည်း
ကောင်းကင်ကပြာနေဆဲ
ကားဘီးကနောက်ကိုလိမ့်တယ်
ငါကတော့ရှေ့ ရောက်နေသလို
နောက်ပြန်လှည့်ကြည့်မှ
အချစ်ဆိုတာဘာလဲ  သိလိုက်ရတယ်
သောက်နေကျကော်ဖီတခွက်ပါပဲ
ဒီနေ့ မှ ငါ့စိတ်ထဲခါးနေသလို
မင်းမပါလို့ နေမယ်
လေမတိုက်တာပါ
ဆားပေါ့တာမဟုတ်ဘူး
လိုချင်ရင်စာရင်းလေးတော့ပေးခဲ့ ပါ
ခဏတာဖြစ်ဖြစ်    တစ်ဘ၀စာဖြစ်ဖြစ်……။      ။
 
                                                                   မင်းအိမ်

In: ကဗျာ Posted By: Date: May 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment