အလွမ်း….သို့ 
အလွမ်း….သို့ 
ကြင်နာမိုးတစ်စက်
ငတ်မွတ်မျှော်တမ်း
အလွမ်းပန်းနုဆွေ
ရင်ခွင်ဟောင်းရဲ့ 
ဝေေ၀ကြွေကြွေ နွေတစ္ဆေ……..
အရုဏ်ဦးဆေးခြယ်
ဆွေးမြေရင့်သက်
လွမ်းရက်ဆက်ညတွေမှာမက်တဲ့ 
ဝိုးတ၀ါးတွေးအိမ်မက်ရယ်
ဂန္တ၀င်ပန်းချီကားရဲ့ စုတ်တစ်ချက်…….
ဝေးပြီဆွေးပြီ
တွေးပြီ ငေးမောနေမည်
အလွမ်းပင်ရှင်သန်လွမ်းတယ်
ဖန်ဆင်းသူ အနမ်းသခင်မင်း…….
ထားခဲ့ ပါ ချန်ခဲ့ ပါ
ဖြတ်တောက်လိုက်ပါအရှင်
နေ၀င်ချိန်အပြန်လမ်း
အထီးကျန်ဘ၀ကြမ်းမှာ
အလွမ်းတွေပိုက်လို့ ……။ ။
မင်းအိမ်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service