Professional Authors

သောကခြေရာ (၁) – မောင်စိန်ဝင်း (ပုတီးကုန်း)

သခင် …
မြင်စမ်းတော့လေ
နေဆယ်စင်းကို၊ ရင်တွင်းလှောင်ပိတ်၊
သော့ချိတ်ဆွဲခတ်၊ လှပ်မပြသာ။

ကြင်နာနှောင်ရစ်၊ ချစ်သတဲ့လား၊
စကားသည်လို၊ ဆိုတတ်သည့်ငှက်၊
ပြေးထွက်လေမှ၊ သည်ဘဝတော့၊
နှုတ် အ ပြီပဲ၊ အသည်းသာရှိ၊
အလွမ်းချည်းကျန်။

အစဉ် …
ရင်ထဲ ပတ္တမြား၊ အလွမ်းကြားနစ်၊
နှစ်ရှည်လကြာ၊ ရာသီသာပြောင်း၊
ဟောင်းမယ်လို့များ၊ ထင်သလားလေ၊
သောကခြေရာ၊ ဝေဒနာပင်၊
ရှင်မြဲရှင်နေ၊
သခင်ကြည့်လှည့် မြင်တော်မူ ….. ။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)

Comment #1

ဒီကဗျာလေးကိုတော့ကြိုက်တယ်

commentinfo By: rainlover99 at May 20, 2010
Comment #2

လွမ်းလေ လွမ်းဝေ …
လွမ်းမပြေလေပါပဲလေ….

commentinfo By: မှုံရွှေရည် at Jun 29, 2010
Comment #3

ရင်ထဲကပတ္တမြား ဖွဲ့ထားတာမိုက်တယ်

commentinfo By: minmyomon at Aug 8, 2010
Comment #4

ဆရာ့အရေးအသားအားလုံးကိုလေးစားပါတယ်…

commentinfo By: May Kha at Jun 25, 2011
Comment #5

ကြင်နာနှောင်ရစ်၊ ချစ်သတဲ့လား၊
စကားသည်လို၊ ဆိုတတ်သည့်ငှက်၊
ပြေးထွက်လေမှ၊ သည်ဘဝတော့၊
နှုတ် အ ပြီပဲ၊ အသည်းသာရှိ၊
အလွမ်းချည်းကျန်။

commentinfo By: May Kha at Jul 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment