Professional Authors

ကျွန်တော်နိုးပါပြီ

အနိုင်၊ အရှုံးဆိုတဲ့ မျဉ်းတကြောင်းပေါ်
ဆန့် ကျင်ဇောနဲ့ 
အလောတကြီးတက်ထိုင်လိုက်တယ်

အနိုင်ကိုလှမ်းကြည့်ပေမယ့်
အရှုံးကိုနောက်စေ့တွေ့ တယ်

ယှဉ်ပြိုင်ခြင်းအသိကိုဖယ်
ကိုယ့်စည်းကိုယ်ဆွဲ
အတွေးတိမ်တိုက်မဲတွေထဲ
ယုံကြည်ချက်တွေလိုက်ရှာခဲ့ရတယ်

အဆုံးသတ်အတွက်
နေ့ ရက်တော်တော်များများ
ကြေကွဲပက်လက်ဇာတ်တွေပဲ
ဆက်တိုက်မက်ခဲ့ရတယ်

အမှတ်မထင်တဲ့တစ်ချက်မှာ
အမှုမဲ့အမှတ်မဲ့ထားခဲ့တဲ့ထောင့်ကနေ
ဒိုင်လူကြီးဆိုတဲ့ကောင်က
ငါမြင်ဖူးအောင်တဲ့…
အ…၀ါ…ကဒ်…ကိုထောင်ပြတယ်
ကဲ…ကဲ…ကဲ…
ကျွန်တော်အိပ်သင့်ပြီ…

In: ကဗျာ Posted By: Date: May 2, 2011
Comment #1

အမှတ်မထင်တဲ့တစ်ချက်မှာ
အမှုမဲ့အမှတ်မဲ့ထားခဲ့တဲ့ထောင့်ကနေ
ဒိုင်လူကြီးဆိုတဲ့ကောင်က
ငါမြင်ဖူးအောင်တဲ့…
အ…၀ါ…ကဒ်…ကိုထောင်ပြတယ်
ကဲ…ကဲ…ကဲ…
ကျွန်တော်အိပ်သင့်ပြီ

commentinfo By: ရွှေငါး at May 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment