Professional Authors

အမှောင်ကျတဲ့ ငတေ

အလွမ်းတို့မည်သည်
ကောင်းကင်တမျှပျံ့နှံ့ရ်ျ ငါ့ရင်ဘတ်ထဲလည်း ခိုအောင်းခဲ့ပြီ…။
တိမ်တိုက်ကို ဘယ်တော့မှ မတွန်းလှန်းတဲ့ ကောင်းကင်ကြီးလို
ငါရင်ဘတ်ကြီးလည်း အောက်သက်ကြွေခဲ့ရဧ။်….။
ခိုနားမိရာ အခန်းကျဉ်းလေးထဲမှာ
လရိပ်ကို စောင့်မျှော်နေတဲ့ ငတေတစ်ယောက်ရှိလေရဲ့
သတိရခြင်းတွေကို ပွေ့ဖက်လို့ပေါ့
ဒါပေမယ့်……….
မဟူရာညကြီးက ရက်စက်လွန်းပါတယ်
ပိုးစုန်းကြူးလေးတစ်ကောင်တောင်မှ
ငတေအနားမှာ ခြေမချခဲ့ပါဘူး။
လောကရဲ့ ထိုးနှက်ချက်တွေက ပြင်းရှလို့
ရှည်လျားလှတဲ့ ခံစားချက်တွေ ပေးရင်
ငတေ တစ်ယောက် အခန်းကျဉ်းထဲကနေ မထွက်ရဲခဲ့ဘူး….။   ။

In: ကဗျာ Posted By: Date: May 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment