Professional Authors

ဥပစ္ခါလူသား

အချစ်ဆိုတာ
ဘတ်စ်ကားတစီးလိုဘဲတဲ့
ထွက်သွားတဲ့ကားနောက်ကို
ပြေးမလိုက်နဲ့တဲ့
နောက်တစီးရောက်လာလိမ့်မယ်
စောင့်နေပါတဲ့……
ငါ့အတွက်တော့ ဒီလိုမဟုတ်ပါဘူး
ကားပေါ်ရောက်ပြီးမှ ကန်ချခံရတဲ့ အဖြစ်မျိုး
နေရာရပြီးမှ ဖယ်ပေးလိုက်ရတဲ့အဖြစ်မျိုး
ခင်ဗျားတို့ဘဲ စဉ်းစားကြည့်ပါ
ဒါတရားလား
လောကကြီးပဲ မတရားတာလား
ငါကတော့ ဘယ်ကားကိုမှ မစီးချင်တော့ဘူး
အဲဒီပေါ်ကလူတွေဆီမှာ
ဘ၀ရဲ့အမောတွေရှိတယ်
အချစ်ရဲ့ဥဘောတွေရှိမယ်
အားလုံးကိုငါ ဥပစ္ခါပြုလိုက်ပြီ…..

In: ကဗျာ Posted By: Date: Apr 30, 2011
Comment #1

take taxi………..:P

commentinfo By: May Kha at Sep 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment