Professional Authors

မရှိခြင်းရဲ့ နောက်ကွယ်… – နရီထက်

အားမာန်အပြည့်နှင့်
ကောင်းကင်ယံ ထိုးတက်
ဟန်ပြင်ကာမှ
မိုးကြိုးတွေက ပစ်ချနေတယ်

လေပြေလေးတွေထဲမှာ
အိမ်မက်မက်ချင်ပါမှ
မုန်တိုင်းတွေ မာန်ဖီနေတယ်

တိမ်တွေ စီးချင်တဲ့
ပန်းချီကားတစ်ချပ်ပေါ်
မိုးရည်တွေက မညာမတာ
နာကြည်းခြင်းများစွာနှင့်
ဖျက်စီးနေတယ်

ရေသောက်မြစ်တွေရှာနေတဲ့
သစ်စိမ်းအိုကြီးတွေက
ငိုနေရှာတယ်
သတိရနေတယ်လို့…

မေမေ ခဏခဏ
ပြောဖူးခဲ့တဲ့..
မရှိခြင်းရဲ့ တန်ဘိုးက
သားအတွက်…
ရင်နှင့်မမျှအောင်
သိမ်းဆည်းခွင့်ပေးလိုက်ပြီးလား…
မေမေရယ်။      ။

နရီထက်
( ၂၉ ၊ ဧပြီလ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Apr 29, 2011
Comment #1

ကိုကြိး ဒိကဗျာကတော တစ်ပှဒ်လုံး ကောင်းတယ် ကိုကြိး ဒါမဲ ဒိအပှဒ်လေးတွေကိုတော့ တော်တော်ခိုက်တယ် လေပြေလေးတွေထဲမှာ
အိမ်မက်မက်ချင်ပါမှ
မုန်တိုင်းတွေ မာန်ဖီနေတယ် မေမေ ခဏခဏ
ပြောဖူးခဲ့တဲ့..
မရှိခြင်းရဲ့ တန်ဘိုးက
သားအတွက်…
ရင်နှင့်မမျှအောင်
သိမ်းဆည်းခွင့်ပေးလိုက်ပြီးလား…
မေမေရယ်။ ။ ဆက်လက်အားပေးသွားမယ်နော် ….

commentinfo By: thu ya at May 3, 2011
Comment #2

မရှိခြင်း ဆီမှာ စကားလုံးများစွာပဲ

commentinfo By: မြေနံ့ at Jun 12, 2011
Comment #3

မေမေ ခဏခဏ
ပြောဖူးခဲ့တဲ့..
မရှိခြင်းရဲ့ တန်ဘိုးက
သားအတွက်…
ရင်နှင့်မမျှအောင်
သိမ်းဆည်းခွင့်ပေးလိုက်ပြီးလား…
မေမေရယ်။ ။

Comment #4

ဟုတ်ပါတယ်… အမေက ခဏခဏ ပြောဖူးတယ်… မရှိခြင်းရဲ့ တန်ဘိုး… ဝေးသွားမှတော့ သိခွင့်ရလိုက်တယ်…

commentinfo By: Nayihtet at Jun 16, 2011
Comment #5

ကဗျာတွေကတော်တော်လေးကိုဖတ်လို့ကောင်းတယ်နော်

commentinfo By: မိုးထက်အာကာ at Oct 30, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment