Professional Authors

ငါ့ရဲ့ တိမ်တိုက်လေး အကြောင်း

ကောင်းကင် နဲ့ တိမ်တိုက်

အကြည်ဆိုက်နေတုန်းက

ရင်ဘတ်ထဲ က မြစ်တစ်စင်း

ကောင်းစွာ ထွန်းလင်း ခဲ့ဖူးတယ်

ငါ့ရဲ့ တိမ်တိုက်လေးရေ

ဘယ်ကို များ  ရွေ့နေလဲ

နင် ပစ်ခွင်းခဲ့တဲ့ မျှားတစ်စင်း က

တဆစ်ဆစ် လွမ်းနေလေရဲ့

 

တစ်ယောက် နဲ့ တစ်ယောက်

အချစ်စမ်း ကြတဲ့ ပွဲမှာ

ငါ က မြေဇာပင် ဖြစ်ခဲ့ ရတယ်

နင် ခလုပ် နှိတ် ရာ က တတ်တဲ့

Remote အရုပ် ကလေးလည်း ဖြစ်ခဲ့ရတယ်

နင်ရင်ဖွင့် ရာ နားထောင် တတ်တဲ့

ကြောင် ကလေး လည်း ဖြစ်ခဲ့ရတယ်

ငါ့ဝန်းကျင်မှာ ငါက ကြယ်ပွင့်လေးပေမယ့်

ဒီဇာတ်လမ်းမှာ

နင့် လက်ခုပ် ထဲ က ရေ ဖြစ်ခဲ့ရတယ်

 

မေးပါရစေ

နင်တို့ က ပြတဲ့ ဒီဇာတ်လမ်းမှာ

ငါက ဘယ် အခန်း က ပါဝင် ခဲ့ သလဲ

မင်းသမီး မဟုတ်တဲ့ ဗီလိန်လား

ဇာတ်ပို့လား ဇာတ်ရံလား

ဖြတ်လျှောက်ခန်းလား

ဆေးရိုး သည် အခန်းက လား

ပဲကျော် နှစ်ခြမ်း ကြား ဆားညှပ်တဲ့ အခန်းကလား

ဖြေကြားပေးပါ အုံး

ငါ့ တိမ်တိုက်လေး ရဲ့

 

ချစ်ခဲ့ပါတယ် …..ချစ်နေဆဲပါ

နောင်ကိုလည်း မျှော်လင့်ချက်မဲ့

အရူးတစ်ယောက်လို ဆက်ချစ် နေမှာပါ

ရွေ့ နေတဲ့ တိမ်တိုက်လေးရဲ့

ငါ ဆိုတဲ့ မိန်းမ ကလည်း

မလျှောက်သင့် တဲ့လမ်းကိုမှ

တမ်းတမ်းတတ လွမ်းနေတဲ့သူ

 

နင့်ရဲ့

မုဆိုးတစ်ပိုင်း မိန်းမရိုင်း ကလေ

ဆုတောင်း ပါတယ်

ဆုတောင်းပေးပါတယ်

ငါ့ ကို ခင်းပြီး နင်းလျှောက်သွားတဲ့

နင့် ရဲ့ လမ်းမှာ

ပန်းတွေ ပွင့်ပါစေ

ခလုပ်မထိ ဆူး မငြိပါစေနဲ့

ငါ့ ရဲ့ တိမ်တိုက်လေး ရဲ့

In: ကဗျာ Posted By: Date: Apr 29, 2011
Comment #1

oh,, 🙁
sorry to read, 🙁

commentinfo By: ei lay at Jun 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment