Professional Authors

ခွေးခြင်္သေ့ – မောင်စိန်ဝင်း(ပုတီးကုန်း)

ခြင်္သေ့ဆိုလျှင်၊ တောဘုရင်မို့၊
လည်မျှင်ဆံဖွား၊ ဖားလျားလျားနှင့်၊
သားကောင်အပေါင်း၊ ခညောင်းရွံ့ကြောက်၊
လေးစားလောက်သည့်၊ သတ္တိနှင့်မာန်၊
ခြင်္သေ့ဟန်ဖြင့်၊ တဝင့်ဝင့်မို့၊
ရဲရင့်ခြင်းအတွက်၊ စံတင်တယ်။

ခွေးဆိုလည်းခွေး၊
အယ်လ်ဇေးရှင်း၊ အင်းခွေး ဗမာခွေး၊
ဘာခွေးဖြစ်ဖြစ်၊ ခွေးအစစ်မို့၊
ခွေးဖြစ်ရတာ၊ ဂုဏ်ရှိပါတယ်
သစ္စာစောင့်တတ်၊ ဗီဇဓာတ်ကြောင့်
မှတ်ကျောက်တင်လို့ရနိုင်မယ်။

ခြင်္သေ့မစစ်၊ ခွေးမစစ်နဲ့၊
ဇာစ်မြစ်မမှန်၊ လည်ဆံမဖွာ၊
မာန်ပါပါဟိန်းဟောက်ပေမယ့်
ရွံ့လောက်စရာ၊ ဟန်မပါဟန်မပြည့်
မာန်ဗလာ မာန်မရှိလို့ …
“သတ္တိ” “သစ္စာ” ဘယ်အရာမှစံမဝင်
သဏ္ဌာန်ဆင်ရုံလေးနဲ့
သွေးကြွလို့မြောက်ပေမယ့်
(တကယ်တော့ …)
ခွေးဘဝလောက်ဂုဏ်မရှိ။

မောင်စိန်ဝင်း(ပုတီးကုန်း)

Comment #1

ဝေါင်း…………..မိုက်တယ်ဗျ….
ခွေးဆိုရင်လည်း ခွေးပီသအောင် ဟောင်ပြနိုင်မှ….
ခြင်္သေ့ဆိုရင်လည်း ခြင်္သေပီသအောင် ဟိန်းပြနိုင်မှပေါ့…

commentinfo By: မှုံရွှေရည် at Jun 30, 2010
Comment #2

ခင်္သေ့မစစ်၊ ခွေးမစစ်နဲ့၊
ဇာစ်မြစ်မမှန်၊ လည်ဆံမဖွာ၊
မာန်ပါပါဟိန်းဟောက်ပေမယ့်
ရွံ့လောက်စရာ၊ ဟန်မပါဟန်မပြည့်
မာန်ဗလာ မာန်မရှိလို့ …
“သတ္တိ” “သစ္စာ” ဘယ်အရာမှစံမဝင်
သဏ္ဌာန်ဆင်ရုံလေးနဲ့
သွေးကြွလို့မြောက်ပေမယ့်
(တကယ်တော့ …)
ခွေးဘဝလောက်ဂုဏ်မရှိ။

commentinfo By: May Kha at Dec 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment