Professional Authors

ထပ်တစ်ဖန် လက်ယက်လို့ ပြန်ခေါ်မိတဲ့ အလွမ်း

 

ငါ ကြိုနေပေမဲ့

လာလိုသူက မလာရဲဘူး

ငါ စပ်ထားတဲ့ သီချင်းတစ်ပုဒ်ကို

ကြိုးခြောက်ခြောင်းနဲ့ အလျားလိုက် ရောငိုပစ်ခဲ့တယ် ၊၊        ၊၊

ငါ ဖန်ဆင်း တဲ့ သဲကန္တာရ မှာ

ငါ ကိုယ်တိုင် ရေလို နေသလို မျိုး

နင် မရှိတော့ ခံစားချက်တွေက ခါးသပ်သပ်နဲ့ 

အဲဒီ ဘ၀မျိုး ငါ ဒေါင်ကျကျ ပြားကျကျ

လိုက်လျောညီထွေ နေတတ်ခဲ့တယ် ၊၊        ၊၊

နှစ်ယောက်လုံးအတွက် ကိုယ်စီကိုယ်စီ နှစ်ယောက်လုံးရှိနေပါလျက်နဲ့ 

နင့် ရင်မှာ ငါ မရှိတော့ သလိုလို

ငါ့  ရင်မှာ နင်မရှိတော့ သလိုလို နဲ့ 

ပိတ်ကား နောက်မှာ တိတ်တခိုး ငိုချင်း ချရတာ

မောလွန်း လှပါတယ်

ကျိန်စာ နဲ့ အတူ ပါလာတဲ့ မိုးရယ် ပြန်တော့ကွယ် ၊၊          ၊၊

ကြိုနေသူလဲ ရှိတယ်

လာလိုသူလဲ ရှိတယ်

အသင့်ဖွင့်ထားတဲ့ တံခါးတစ်ချပ်အတွက်

ဘာအတွက် သော့ခတ်လို့ ပါသလဲ 

မျက်ရည်တွေ ရွှဲနေတဲ့ ဥယျာဉ်မှာ

အလှဆုံး ပန်းတို့ လဲ ပွင့်တတ်ပါတယ် ၊၊        ၊၊

နေလိုအားကိုး လလိုအားကိုး လိုသူ ရယ်

ငါ့ကောင်းကင်က မှောင်ပေးတတ်သူမှ မဟုတ်တာ

ကမ္ဘာဦးက အာဒမ် ဧ၀ လိုမျိုး

ကမ္ဘာသစ်မှာ ရော ရှိဖို့ မလိုဘူးလား 

မေးခွန်းများနဲ့ နှုတ်ဆိတ်ခြင်းများကြား

ငါ လက်တစ်လုံးခြား ငိုခဲ့တယ် ၊၊         ၊၊

ဆုပ်ကိုင်ဖို့ အားကိုးလာမိတဲ့ လက်တစ်စုံ ကိုမှ ပုတ်ချ

ငါ့ အနုပညာတွေ ယိုယွင်း ခဲ့သမျှ

ဘ၀ဟာ ဗလာ ဆိုတာ ငါ သိလာခဲ့ပြီ

ရာသီစက်ဝန်း ရဲ့ လ မရှိတဲ့ ညမှာ

ငါ   လရောင် ကို မျှော်နေခဲ့မိတယ် ၊၊        ၊၊

 

နင့် အသိ ပညာတွေ ရဲ့ ပညတ်ချက် နဲ့ 

ဒီ လူ ကို  ကျောခိုင်းထားခဲ့သမျှ

ငါ ရှိမှ နင့်ဘ၀ ပြည့်စုံနေတဲ့ ဘ၀မှာ

နင် ရှိမှ ငါ့ဘ၀ ပြည့်စုံနေခဲ့တယ်

ဟုတ်ပါတယ်

အမှားဆိုတာ ဆေးမှင်ကြောင်ရဲ့ ရဲစွမ်းသတ္တိလိုပဲ

သေ ရာ ပါ တယ် ၊၊         ၊၊


သိနေခဲ့ပါတယ်

ဒီ ဇာတ်လမ်း ဟာ ဒို ရေ မီ ဖာ ညည်းရုံ နဲ့ 

ငို ချင်း ချလို့ မရမှန်း

ဇကောလောက်မှ ဇောက်မနက်ချင်ခဲ့သမျှ

နင် ထားခဲ့မှ 

ငါ့ လက်ခုပ်ထဲ က ငါ့ကို ငိုပြခဲ့မိတယ်

ရှည်လျား ထွေပြားလှတဲ့ ဒီမြစ်ကျဉ်းထဲက

ငါ အခုထိ မထွက်နိုင်သေးဘူး ၊၊          ၊၊

 

ငါ နင့်ကို သိပ်ချစ်တာပေါ့

အပေါင်း အနုတ် အမြောက် အစား တတ်ရုံလောက်နဲ့ 

ဒီ ပုစ္ဆာ စံချိန် မမီမှန်း သိနေခဲ့ပါ ရဲ့ 

ဝတ်ကျေတန်းကျေ လောက် အဖြေလွှာ ထက်မှာ

ငါ နံပါတ်ရေးထိုးခဲ့မိတယ်

အခုတော့ . . .

အနာဂါတ်ကို အားကိုးလို့ လျှောက်လာခဲ့သမျှ

အတိတ်တွေ ဘယ်မှာကျကျန်ခဲ့မှန်း မသိတော့ဘူး ၊၊        ၊၊

 

ဒီညမှာ နောင်တ ကို စိမ်ပြီး ကော်ဖီခါးခါး တစ်ခွက်နဲ့ 

ငါ့ မျက်လုံး တွေ ကြောင်ခိုင်းခဲ့တယ်

နောက်ကျတဲ့ နောင်တ အတွက်   

အသိတရား ရဲ့ နေက အထွက်နောက်ကျတယ်

ပြန်လာပါတော့ 

နင် ကြိုက်တတ်တဲ့ ဖရဲသီး ဖျော်ရည်တစ်ခွက်

ငါ ကြိုဖျော်ထားပြီးပြီ် ၊၊        ၊၊

 

လှုပ်လီလှုပ်လဲ့ နဲ့ မျက်နှာကျက်က မီးအိမ် က

အတိတ်ကိုပဲ ပြန်ခေါ်သယောင်

ငါ့ကို ပဲ လှောင်ပြောင်နေသယောင်နဲ့ 

ငါ့ ဒေါသက ကဗျာစာအုပ် ပေါ်

ကလောင် စိုက်ဖြစ်တယ်

ချစ်သူ

ငါ့ ရဲ့ နင်မရှိတဲ့ကမ္ဘာမှာ

ငါ့ကို ငါ ကိုယ်တိုင် မီးလောင်တိုက်သွင်းမိပြန်ပြီ ၊၊          ၊၊

 

နင် ကလေ ငါ့အတွက်

ဆေးခြောက် ရိုက်သွင်းထားတဲ့ ဆေးပေါ့လိပ် တစ်ခုလိုပဲ

ဟိုး . . ရိုးတွင်းချဉ်ဆီ အထိ စွဲလန်းစေတယ်

နင် နဲ့ ငါ အနန္တ ထိဝေးရမှာ

ငါ့ အသည်းထဲ ထိ ကြောက်တယ် ၊၊          ၊၊

 

ပြန်ဆုံဖြစ်ကြရင်လေ

ငါ့ ဆီကို ပြန်လာဖို့ အတွက်

နင် နောက်မတွန့် ပါနဲ့ တော့

နင် ကြောက်ခဲ့တဲ့ ငါလဲ

အခု ငါ့ကိုယ်ငါ စိုက်ပျိုးလို့ 

နင့်အတွက် ပန်းကောင်းတစ်ပွင့် အဖြစ် ဝေနေခဲ့ပြီ

ငါဟာ အချစ် သူရဲကောင်းပါလို့ အသဲအခွဲခံပြီးချိန်မှာ

ငါ့ အလောင်း ငါပြန်ကြည့်ခဲ့ပြီးပြီပဲ

ပျဉ်ဖိုးနားလည်တဲ့ အနေနဲ့ 

ငါ နင့်စိတ်ကြောင့် ပြားပြားဝပ်ခဲ့ပြီ

ချစ်သူ

အခု

ငါ့ ခေါင်း ကို မော့ခိုင်းလိုက်ပါတော့ ၊၊            ၊၊

 

                             (လမင်းဇော်)

                             [email protected]

In: ကဗျာ Posted By: Date: Apr 29, 2011
Comment #1

ဒီညမှာ နောင်တ ကို စိမ်ပြီး ကော်ဖီခါးခါး တစ်ခွက်နဲ့ 

ငါ့ မျက်လုံး တွေ ကြောင်ခိုင်းခဲ့တယ်

နောက်ကျတဲ့ နောင်တ အတွက်

အသိတရား ရဲ့ နေက အထွက်နောက်ကျတယ်

ပြန်လာပါတော့

နင် ကြိုက်တတ်တဲ့ ဖရဲသီး ဖျော်ရည်တစ်ခွက်

ငါ ကြိုဖျော်ထားပြီးပြီ် ၊၊ ၊၊

commentinfo By: Shwe Ngar at Apr 29, 2011
Comment #2

ငါ နင့်ကို သိပ်ချစ်တာပေါ့

အပေါင်း အနုတ် အမြောက် အစား တတ်ရုံလောက်နဲ့ 

ဒီ ပုစ္ဆာ စံချိန် မမီမှန်း သိနေခဲ့ပါ ရဲ့ 

ဝတ်ကျေတန်းကျေ လောက် အဖြေလွှာ ထက်မှာ

ငါ နံပါတ်ရေးထိုးခဲ့မိတယ်

အခုတော့ . . .

အနာဂါတ်ကို အားကိုးလို့ လျှောက်လာခဲ့သမျှ

အတိတ်တွေ ဘယ်မှာကျကျန်ခဲ့မှန်း မသိတော့ဘူး ၊၊

commentinfo By: နှင်းဖွေးလေး at Apr 30, 2011
Comment #3

ကောင်းတယ်ရှင့်။ အားပေးသွားတယ်နော်..ဒီ အကောင့်က ကိုလမင်းဇော်အကောင့်လား?

commentinfo By: pannei at May 12, 2011
Comment #4

အားပေးသွားတဲ့ ညီအစ်ကို မောင်နှမ အားလုံးကို ကျေးဇူးတင်ပါတယ် ဗျာ
@pannei >> အဲဒါ ကျွန်တော့်အကောင့် ဟုတ်ပါတယ် ဗျာ ၊၊ 🙂

commentinfo By: လမင်းဇော် at May 14, 2011
Comment #5

naing.pannei နာမည်နဲ့ အက်လိုက်မယ်နော်.

commentinfo By: pannei at May 14, 2011
Comment #6

ဟုတ်ကဲ့ ပါ ပန်းအိ . . . .ကျွန်တော် လက်ခံလိုက်ပါ့မယ် 🙂

commentinfo By: လမင်းဇော် at May 14, 2011
Comment #7

har,,,,,,,,,,,,,,,
so much perfect,
kyat ti tway taung hta twar de.
da ke pyaw tar.

commentinfo By: ei lay at Aug 6, 2011
Comment #8

nin shi hma nga ba wa pyay sone hmar nin ti ye tar ne……

commentinfo By: ei lay at Aug 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment