Professional Authors

အရိပ်များ – မောင်စိန်ဝင်း(ပုတီးကုန်း)

လမရှိပါ …
လ၏အစား၊ ချစ်သူ့ပါးပြင်
ပါးကွက်ထင် ….။

ကြယ်မရှိပါ …
ကြယ်၏အစား၊ ဖန်သားလဲ့ပြာ
မဟူရာနက်၊ သူ့မျက်ဝန်းတွင်
ရွှန်းလက်စင် … ။

ည မရှိပါ …
ည၏အစား၊ နွမ်းပါးနိမ့်ကျ
ငါ့ဘဝတွင် အရိပ်ထင် … ။

သည်အခါ၌
မေတ္တာဟူသည်၊ မယုံကြည်ပါ
လ သည် ကြယ် သည်၊ ညလယ်မွေ့ပျော်
အဖော်မစစ်၊ ပစ္စက္ခအား
လှည့်ဖြားခြင်းသာ၊ ညများစွာ၏
အနာဂတ်သည်၊ အိမ်မက်ရှည်။

မောင်စိန်ဝင်း(ပုတီးကုန်း)

Comment #1

သည်အခါ၌
မေတ္တာဟူသည်၊ မယုံကြည်ပါ
လ သည် ကြယ် သည်၊ ညလယ်မွေ့ပျော်
အဖော်မစစ်၊ ပစ္စက္ခအား
လှည့်ဖြားခြင်းသာ၊ ညများစွာ၏
အနာဂတ်သည်၊ အိမ်မက်ရှည်။

commentinfo By: May Kha at Jul 8, 2011
Comment #2

သည်အခါ၌
မေတ္တာဟူသည်၊ မယုံကြည်ပါ
လ သည် ကြယ် သည်၊ ညလယ်မွေ့ပျော်
အဖော်မစစ်၊ ပစ္စက္ခအား
လှည့်ဖြားခြင်းသာ၊ ညများစွာ၏
အနာဂတ်သည်၊ အိမ်မက်ရှည်။

commentinfo By: အသဲကွဲမိုး at Jul 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment