Professional Authors

အနင်းခံပန်း

သူမသိပေမယ့် ဝေခဲ့ပြီ…
သူမသိလည်းပဲ ကြွေရမည်…

မပန်ချင်ပေမယ့်လည်း ပွင့်မယ့်ပန်းပါ။
မနမ်းချင်ပေမယ့်လည်း ရနံ့သင်းမယ့်ပန်းပါ။

ပွေ့ယူနမ်းရှိုက်ခံ
ပင်မြင့်စံပန်းထက်
သူသွားမယ့်လမ်းက
အနင်းခံပန်းပဲ ဖြစ်ချင်တယ်။

ကောက်ယူနမ်းရှိုက်
ဦးထိပ်မှာစိုက် မပန်ချင်လည်း
စိတ်မကျေလည်တိုင်း
နင်းခြေ ခြေမွနိုင်မှာပေါ့။   ။

လှိုင်မျိုး

In: ကဗျာ Posted By: Date: Apr 25, 2011
Comment #1

kway twar p kwar

commentinfo By: ei lay at Dec 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment