Professional Authors

အမေ့ သမီး

အမေ…………….ရယ်
တစ်နေ့ ထမင်း သုံးနပ်မှန်ရ တော်ပေါ့
သြော်……သမီးရယ်
အဲဒါက တစ်နေ့ထဲမှ မဟုတ်တာ

အမေ့……သမီး လိုပါသေးတယ်
အမေ့ သမီး……လေ…….အမေ။

နိုင်ငံခြားရောက်ကြီး
အမေ့…….သမီး
လူတွေ အထင်ကြီးကြမည်
သုံးနပ်က……….နှစ်နပ်ဖြစ်နေတာ……….သူတို့မသိ
သမီးလုပ်ခ……….ထိုင်စားရ

အမေ ……..ရင်မောလှပြီ
အမေ့ သမီး……..လေ……အမေ။

ခဏလေးပါ  အမေရယ် တဲ့လား
အမေ့……သမီး
အမေ့ အသက် ခြောက်ဆယ်နီးပြီ
ရှေ့ကြည့် နောက်ကြည့်

အရိပ် သုံးပါး နားလည် သမီး
အမေ့ သမီး ………လေ…….အမေ။

အမေတို့ဘ၀ …..အေးချမ်းစေချင်လှ
ဆွေတွေ မျိုးတွေ ………..အမြင်ကြည်စေချင်လှ
ရပ်တွေ ရွာတွေ…………..တိုးတတ်စေချင်လှ
တော်ပြီလား….သမီး

အမေ့ ….သမီး
ကိုယ်နိုင်တာပဲ….ကိုယ်လုပ်ပါ

ဟုတ်ကဲ့ ………အမေ
အမေ့ သမီး….ပါ ….အမေ။

မယ်မနော
9:51pm

In: ကဗျာ Posted By: Date: Apr 24, 2011
Comment #1

ရရစ်…..ြ …… ကိုရိုက်ချင်ရင် shift နဲ့တွဲပြီး M ကို နှိပ်ပါ …….
ပြောချင်တာတွေ အရမ်းများနေလို့ထင်တယ်…နဲနဲတော့ အရှင်းဘူး
ပြောချင်တာတွေကို တည့်တည့် ၊ ရှင်းရှင်းပြောပါ…..နဲနဲတော့ သတ္တိရှိဖို့လိုမယ်ထင်တယ်….
ဆရာကြီးလုပ်တယ်လည်း မထင်ပါနဲ့

commentinfo By: nate thit(နေ့သစ်) at Apr 27, 2011
Comment #2

:D………..များသွား….တော့ လည်း… စာဖတ် သူတွေ…ကဗျာအဆုံးမှာဆက်ပြီးတွေးချင် တွေးလို့ရ တာပေါ့.ဗျာ..ဟုတ် ဘူးလား:D..များများတွေးတော့ များများပို သိ မှာပါ.:)…ဖြစ် ချင် တာနဲ့ …ဖြစ် နေ တာ တွေ အမြဲတမ်း တထပ် တည်း ကျ ပါ စေလို့ တော့ ဆု မတောင်းချင် ပါ ဘူး…. ..ဒါ ပေ မယ့် ကိုယ် ဖြစ် စေ ချင် တာ တွေကို တော့… ဘ၀မှာအများဆုံးလုပ် ဆောင် နိုင် ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်မ မယ် မနော် ရေ……ကိုယ့် အကျိုးနဲ့ အများအကျိုးကို…..အခု ချိန် မှာ အများကြီး မလုပ်နိုင် သေး ပေ မယ့်…..နည်းနည်းစီတော့လုပ်သွားနိုင်ပါ တယ်….တစ်စက်ချင်းကျတဲ့ မိုးရေ ဟာလည်း …ရေ တစ် လျှောက် အောက်က တိုင် ကီ ကို ပြည့် စေနိုင် သလို မျိုးပါပဲ….ပြီးတော့…ကဗျာထဲမှာ ပါ တဲ့ အမေ ရဲ့ စိတ်ကို လည်း ..လေးစားပါ တယ်…:D

commentinfo By: Demon 13 at May 1, 2011
Comment #3

သူ မဘ၀ ရဲ့ အတွေ့ အကြုံ အရ… reality…ကို ပို သိ တယ် လို့ထင် လို့ပါ

commentinfo By: Demon 13 at May 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment