Professional Authors

သံသရာ အလှည့် အပြောင်း ကြောင့် စောင်း သွား တဲ့ကျွန်တော်

(၁)နင် သွားတဲ့ ညနေ …. မိုးတွေ သဲကြီးမဲ ရွာ တယ်
     ………………………………………….
     အတူ တူ အရက် ထိုင် သောက်ရင်း
     ကောင်း က က ပင် လယ် ကို
     တိုးတိုးကလေး ပြောပြတယ်
     သန့်ရှင်း တဲ့ကမ္ဘာမှာ
    “ ငါ့ မျက် ရည် မြေ မကျ ကောင်း ”လို့ပါ တဲ့………

(၂)ညကြီး မင်း ကြီး မှာ
    ကမ္ဘာ က ငါ့ ကိုသနား တယ်
     ……………………………
     “ လမင်း အလိုက် လွဲ ခဲ့လို့ပါ ” တဲ့
     ဖြစ် မှ ဖြစ်ရ လေ …..
     ပြော ကြ တဲ့အမှန်တရား
     ငါ က ကမ္ဘာ မှာ
     မပြောင်း လဲ တဲ့သစ္စာ သမား
     တစ် ကယ် တော့
     ကြယ် ကြွေ တိုင်း…………
     မိုးပြို မှာကြောက်လို့
     ကောင်း ကင်ဝင် ထမ်း ခဲ့ရုံပါ

(၃)အခု တော့ ငါ့ ကောက် ပင်ေ တွ
    တစ် ဖန် စိမ်း လန်း
    ငါ့ ကိုယ် ငါ သနား တယ်
    နှလုံး သား ဧည့် ခန်းမှာ ပြစား
    ဓါး ပင်တွေ ထားခဲ့မိလို့ပါ ကွယ်

(၄) အတူ တူ အရက် ထိုင် သောက်ရင်း
     ပင်လယ် က ကောင်း ကင် ကို ပြော တယ်
     ရေ ခိုး ရေ ငွေ့ တွေ
      အဆင် သင့် ဖြစ် ပြီလား တဲ့
     နောက် တစ် မိုး မှာ ရွာ ချ
      ရင် မှာ ဓါး ပင် တွေ ပွင့် မှာ မို့ ပါ တဲ့

(၅) အဲ ဒီ လို နဲ့.. သံ သရာ ဟာ ငါ့ဥယျဉ် နယ် တစ် လွှား မှာ
     စည်း ချက် ကျ ကျ လည်တယ်

In: ကဗျာ Posted By: Date: Apr 23, 2011
Comment #1

ပင်လယ် က ကောင်း ကင် ကို ပြော တယ်
ရေ ခိုး ရေ ငွေ့ တွေ
အဆင် သင့် ဖြစ် ပြီလား တဲ့
နောက် တစ် မိုး မှာ ရွာ ချ
ရင် မှာ ဓါး ပင် တွေ ပွင့် မှာ မို့ ပါ တဲ့………………….. (အားပေးသွားပါတယ်)

commentinfo By: May Kha at Apr 24, 2011
Comment #2

Thz u!!

commentinfo By:ီDemon 13 at Apr 25, 2011
Comment #3

………….
တကယ်..ဗျာ….တဲ့ထိတာပဲ

commentinfo By: အသဲကွဲမိုး at Mar 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment