Professional Authors

Good Night (မနော်ဟရီ)

‘ ကောင်းသောညပါ … ‘
ငါတို့ရဲ့ ဇာတ်လမ်းဟာ
မနက်ဖြန်ခါမှာ အဆုံးသတ်ရတော့မယ် … ။

ခုတော့ …
အပြာရောင် အလင်းတောင်ပံနဲ့ နတ်သမီးလေးတွေဟာ
မင်းရဲ့ နှလုံးသားက
မျက်ရည်နဲ့ ဝမ်းနည်းမှုပုံရိပ်တွေကို
ဖယ်ရှားပစ်လိမ့်မယ် …
ပြီးတော့ …
မင်းကို ‘ ငြိမ်းချမ်းခြင်း ‘ ပေးလိမ့်မယ် …
‘ ကောင်းသောညပါ … ‘

‘ ကောင်းသောညပါ … ‘
မင်းရဲ့ နားထဲမှာ …
ချစ်စရာကောင်းတဲ့ တီးတိုးသံတို့ရဲ့
နူးညံ့တဲ့ ပဲ့တင်ရိုက်ချက်တွေ …
တုန်ခါရိုက်ခတ်နေပါစေ …
ပြီးတော့ …
အိပ်စက်ခြင်းရဲ့ သဏ္ဌန်မဲ့စိတ်ကူးရိပ်တွေကနေ
မင်းရဲ့ အိပ်မက်တွေကို ဖြတ်သန်းလို့
ငါ့ရဲ့ အပြုံးရိပ်တွေ ဖြစ်တည်လာလိမ့်မယ်

] ကောင်းသောညပါ }
မင်းရဲ့ နှုတ်ခမ်းပါးတွေကို
ငါစောင့်စားနေတဲ့အခါ
မင်းရဲ့ မျက်ဝန်းတွေကို ဖွင့်ထားပေးပါ …
မင်းရဲ့ အခြွေအရံတွေကိုလည်း
မခေါ်လိုက်ပါနဲ့ဦး …
မင်းရဲ့ ရင်ခွင်ကို နမ်းရှိုက်မလို့
နောက်တစ်ကြိမ်တည်းရယ်ပါ … ။

‘ ကောင်းသောညပါ … ‘
ဒါဟာ သိပ်ကိုနောက်ကျနေခဲ့ပြီးလား …

‘ ကောင်းသောညပါ … ‘
တံခါးကိုပိတ်လို့ မင်းလှည့်ထွက်သွားတ်ယ

‘ ကောင်းသောညပါ ‘
… ဟုတ်တယ် …
မင်း …
ငါ့ရဲ့ ‘ ကောင်းသောည ‘ နှုတ်ဆက်သံကို
မစောင့်ဘဲ
ဘယ်တော့မှ
အိပ်ရာဝင်မှာ မဟုတ်ပါဘူး။

မနော်ဟရီ

Adam Mickiewicz ရဲ့ Goodnight ကို မနော်ဟရီက ဘာသာပြန်ထားတာပါ။ တာရာမင်းဝေရဲ့ သင်နှင့် နံနက်ခင်းကိုသာ ဝင်ခွင့်ပြုမည်ဆိုတဲ့ စာအုပ်ထဲမှာတွေ့လို့ တင်လိုက်ပါတယ်။

Comment #1

ကောင်းသောညပါ

commentinfo By: May Kgmahlay at May 12, 2010
Comment #2

မင်းရဲ့ ရင်ခွင်ကို နမ်းရှိုက်မလို့
နောက်တစ်ကြိမ်တည်းရယ်ပါ … ။

‘ ကောင်းသောညပါ … ‘
ဒါဟာ သိပ်ကိုနောက်ကျနေခဲ့ပြီးလား …

‘ ကောင်းသောညပါ … ‘
တံခါးကိုပိတ်လို့ မင်းလှည့်ထွက်သွားတ်ယ

‘ ကောင်းသောညပါ ‘
… ဟုတ်တယ် …
မင်း …
ငါ့ရဲ့ ‘ ကောင်းသောည ‘ နှုတ်ဆက်သံကို
မစောင့်ဘဲ
ဘယ်တော့မှ
အိပ်ရာဝင်မှာ မဟုတ်ပါဘူး။

commentinfo By: အသဲကွဲမိုး at Aug 9, 2011
Comment #3

ဖြိုးဖြိုးရေ မနော်ဟရီရဲ့စာတွေကို ဒီနေရာမှာတစ်စုတစည်းတင်ပေးလို့
ကျေးဇူးးးအထူးးတင်ပါတယ်..
တချို့ကြိုက်တာလေးတွေကို ခွင့်မတောင်းဘဲကူးသွားမိတယ်

commentinfo By: နတ်သမီး at Aug 15, 2011
Comment #4

good night,

commentinfo By: ei lay at Dec 6, 2011
Comment #5

good nya,,,

commentinfo By: ei lay at Feb 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment